၂၀၂၂ခုနှစ်၊ကမ္ဘာ့ကလေးများနေ့အကြိုလှုပ်ရှားမှု အားကစားပြိုင်ပွဲများကျင်းပခြင်း

    ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ကျရောက်သည့် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားအကြိုလှုပ်ရှားမှုအဖြစ် ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)၊ အမျိုးသမီးကလေးများသင်တန်းကျောင်း(မလိခ)၊ အမျိုးသမီးကလေးများသင်တန်းကျောင်း(ထောက်ကြန့်)၊ မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာ၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၊ နားမကြားသောကလေးများကျောင်းနှင့် ရွှေဂုံတိုင်ကလေးပြုစုရေးဌာမှ ကျောင်းသား/ကျောင်းသူလေးများက အားကစားလှုပ်ရှားမှုပြိုင်ပွဲများနှင့် ဖျော်ဖြေပွဲများကျင်းပပြုလုပ်ခဲ့ကြပါသည်။

FacebookTwitter