ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၃)ကျင်းပပြုလုပ်ခြင်း

     ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၃)ကို ၂၇.၇.၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးတင်စိုး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။  
   အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက အဖွင့်အမှာစကားပြောကြားရာတွင် JC အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု ဒုတိယသက်တမ်းရဲ့ ပထမ(၆)လပတ် အစီရင်ခံစာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြနိုင်ရေးအတွက် အစီရင်ခံစာ (မူကြမ်း) အကြံပြုဆွေးနွေးနိုင်ရေး အစည်းအဝေးပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစီအစဉ်အရ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး၊ ဒေါ်သန်းသန်းဝင်းက လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၃) ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများအား တင်ပြဆွေးနွေးခဲ့ပါသည်။
     ဆက်လက်၍ JC အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု ဒုတိယသက်တမ်းရဲ့ ပထမ (၆) လပတ် အစီရင်ခံစာရေးသားထားမှုကို လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးက ဖတ်ကြားတင်ပြ၍ ယင်းအစီရင်ခံစာအပေါ် တက်ရောက်လာသော လုပ်ငန်းကော်မတီဝင်များမှ အကြံပြုဆွေးနွေးခဲ့ကြပြီး  ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးအား နေ့လယ် (၁၅:၁၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ 
 

FacebookTwitter