မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း မွန်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကျင်းပပြီးစီးမှုမှတ်တမ်း

      ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း မွန်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၄.၉.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါ အစည်းအဝေးတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း မွန်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊  မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က အဖွင့်အမှာစကားပြောကြားပြီး၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း မွန်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းဥပဒေနှင့်ပတ်သက်၍ ဥပဒေပါ အခန်းကဏ္ဍများ၊ ရည်ရွယ်ချက်များ၊ လုပ်ငန်းအဖွဲ့အဆင့်ဆင့်ဖွဲ့စည်းထားမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို မွန်ပြည်နယ်အတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားမှုအခြေအနေများ၊ International School များ ဖွင့်လှစ်ထားရှိမှုနှင့် ကြီးကြပ်ကွပ်ကဲမည့် အစီအမံများ၊ စိန်ခေါ်မှုများ၊ ရှေ့လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်း ပြောကြားသွားပါသည်။ ထို့နောက် တက်ရောက်လာသောကော်မတီဝင်များက အကြံပြုဆွေးနွေး ပြောကြားပြီး၊ အထူးဖိတ်ကြားထားသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မွန်ပြည်နယ်တွင် ကုမ္ပဏီများ မှတ်ပုံတင်ထားရှိမှုအခြေအနေနှင့် ဆောင်ရွက်သည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသွားပါသည်။
    ထို့နောက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း မွန်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ရှေ့လုပ်ငန်းစဉ်နှင့် International School များအား ဝိုင်းဝန်းထိန်းကျောင်း ကြီးကြပ်သွားမည့်လုပ်ငန်းစဉ်များကို ပြောကြားပြီး အစည်းအဝေးကို နံနက် (၁၁:၁၅) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အစည်းအဝေးသို့ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း မွန်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၁၅) ဦးတက်ရောက်ခဲ့ကြပါသည်။

FacebookTwitter