10th ACWC-ACW Consultation Meeting နှင့် 27th ACWC Meeting တို့သို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌတို့မှ Video Conferencing ဖြင့် တက်ရောက်

    အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ACWC Malaysia နှင့် ACWC Indonesia တို့မှ ကြီးမှူး၍ (၂၀.၉.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင်(၁၀)ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးကော်မရှင် (ACWC) နှင့်အာဆီယံအမျိုးသမီးကော်မတီ (ACW) ညှိနှိုင်းအစည်းအဝေး(10th ACWC-ACW Consultation Meeting) နှင့် (၂၁.၉.၂၀၂၃) ရက်နေ့တွင် (၂၇) ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး (27th ACWC Meeting) တို့အား Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ACWC ၏ ကလေးသူငယ်အခွင့်အရေး ကိုယ်စားလှယ်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ်၊‌ ဒေါက်တာစန်းစန်းအေး၊ ACWC ၏ အမျိုးသမီး အခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌ၊ ဒေါက်တာ သက်သက်ဇင် နှင့် ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။
    အစည်းအဝေးတွင်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အာဆီယံ ဒေသတွင်းလုပ်ငန်းစီမံချက် (RPA-EVAW) နှင့်  ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ အာဆီယံဒေသတွင်းလုပ်ငန်းစီမံချက် (RPA-EVAC) အကောင်အထည် ဖော်ဆောင်ရွက်မှုများ၊ Gender Mainstreaming ကိစ္စရပ်များနှင့် ACWC Work Plan(2021-2025) တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။ ACWC Myanmar အနေဖြင့် ၂၀၂၄ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ပဉ္စမအကြိမ်မြောက် အာဆီယံ အမျိုးသမီးရေးရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (5th AMMW Meeting and Related Meetings) တွင် ပါဝင်ကျင်းပမည့် (၁၁) ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ကော်မရှင် (ACWC) နှင့် အာဆီယံ အမျိုးသမီးကော်မတီ (ACW) ညှိနှိုင်းအစည်းအဝေး (11th ACWC-ACW Consultation Meeting) နှင့်စပ်လျဉ်း၍ လျာထားအစီအစဉ်များ၊ RPA-EVAC အကောင်အထည်ဖော် ဆောင်ရွက်မှုအနေဖြင့် Help Line Services ဆောင်ရွက်မှုအခြေအနေများ၊ Social Management Information System(SMIS) Digital Platform ဆောင်ရွက်မှု အခြေအနေများ၊ အကြမ်းဖက်ခံရသူအမျိုးသမီးများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ (One Stop Women Support Center-OSWSC) ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

FacebookTwitter