အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခြင်း

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် (၃၀.၉.၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့၊ အမျိုးသမီးနှင့်ကလေးဘဝမြှင့်တင်ရေးအဖွဲ့မှဥက္ကဌများ၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုအဖွဲ့မှတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ကြီးသူချင်းကူညီစောင့်‌ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကန်တော့ခံဘိုးဘွားများနှင့် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွားများစုစုပေါင်း (၃၅၀)ဦးတက်ရောက်ခဲ့ပါသည်။
     အခမ်းအနားတွင် သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွားများမှ ဘိုးဘွားများနေ့ ပဏာမတေးသီချင်းဖြင့်သီဆိုခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွားများမှ ခုနှစ်ထွေအကဖြင့်လည်းကောင်း၊ Zumba အကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ 
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက်အကြီးဆုံး ဘိုးဘွား(၃)ဦး၏ ကိုယ်ရေးရာဇဝင်အား ဖတ်ကြားတင်ပြပြီး ဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက်လိုက်၍ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြကာ ခရိုင် (၁၄) ခုမှဖိတ်ကြားထားသည့် တစ်ခရိုင်လျှင် အသက်(၈၅)နှစ်အထက် ဘိုးဘွား(၃)ဦးစီဖြင့် စုစုပေါင်း(၄၂)ဦးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများမှ အသီးသီးဂါရဝပြုဂုဏ်ပြုငွေ ပေးအပ်ကြပါသည်။    ဆက်လက်၍ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှ ဒဂုံမြေသက်ကြီးသူများ ဦးဆောင်သော လူမှုအားမာန်အဖွဲ့(ISHG) ဥက္ကဌဦးအောင်မြင့်မှ လူမှုအားမာန်အဖွဲ့ (ISHG) အကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအား ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူအသီးသီးတို့မှပေးအပ်ခဲ့ကြပါသည်။ ထို့နောက် ဂုဏ်ပြုခံဘိုးဘွားများကိုယ်စား သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ အဘိုးဝါးခယ်မဦးရဲမောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်တိုင်းမှူးနှင့် တက်ရောက်လာကြသူများမှ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာနှင့် အမျိုးသမီးကျောင်းများမှ ခင်းကျင်းပြသထားသည့် ပန်းချီးပြခန်း၊ လက်မှုပြခန်းများအား လိုက်လံကြည့်ရှုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဂုဏ်ပြုခံဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု(Medical Cover) ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကာအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

FacebookTwitter