အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအဆင့်ယန္တရားများ ခိုင်မာအားကောင်းစေရေးဆိုင်ရာ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ASEAN Committee on Women-ACW မြန်မာအနေဖြင့် ACW Work Plan(2021-2025)တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် အဆိုပြုတင်သွင်းထားသည့် စီမံကိန်းတစ်ခုဖြစ်သည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအဆင့်ယန္တရားများ ခိုင်မာအားကောင်းစေရေးဆိုင်ရာဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ (Regional Workshop to Strengthening Capacity of National Mechanism for the Advancement of Women in AMS) ကျင်းပနိုင်ရန် အကြိုညှိနှိုင်း အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့၊ နေ့လယ် ၁၃း၃၀ အချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြား‌‌ရေးမှူးချုပ်‌ ဒေါက်တာစန်းစန်းအေးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအဆင့်ယန္တရားများ ခိုင်မာအားကောင်းစေရေးဆိုင်ရာ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ (Regional Workshop to Strengthening Capacity of National Mechanism for the Advancement of Women in AMS)အစီအစဉ်များ၊ သဘောတရားစာတမ်းများ၊ စီမံချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပရန်နေ့ရက် သတ်မှတ်ခြင်းများဆောင်ရွက်ကြပါ သည်။
 အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအဆင့်ယန္တရားများ ခိုင်မာအားကောင်းစေရေးဆိုင်ရာ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ(Regional Workshop to Strengthening Capacity of National Mechanism for the Advancement of Women in AMS)အား အာဆီယံနိုင်ငံများရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ယန္တရားများမှ အသုံးပြုနေကြသည့် မဟာဗျူဟာများ၊ ချဉ်းကပ်ပုံနည်းလမ်းများအားသိရှိ၍ အတွေ့အကြုံများဖလှယ်နိုင်ရန်နှင့် ကျား၊ မရေးရာကို ကဏ္ဍပေါင်းစုံ၌ ထည့်သွင်းစဉ်းစားနိုင်ရေးနှင့် ဒေသတွင်း အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာယန္တရားများ၏ စွမ်းရည်ကို ခိုင်မာအားကောင်းလာစေရန် ရည်ရွယ်၍ကျင်းပမည်ဖြစ်ပြီး အစည်းအဝေးအား ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် Hybrid စနစ်ဖြင့် ကျင်းပမည်ဖြစ်ရာ  အာဆီယံနိုင်ငံ များမှ ကိုယ်စားလှယ်များသည် Online စနစ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံမှကိုယ်စားလှယ်များသည်  In-person စနစ်ဖြင့်လည်းကောင်း  တက်ရောက်ရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးရုံးနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးသို့ အချိန်မီတင်ပြရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
 

FacebookTwitter