လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့်ပပျောက်ရေး စီမံချက်ပါကလေးများအား ပညာသင်စရိတ်ထောက်ပံ့ခြင်း

မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူးသည် မန္တလေးတိုင်းဒေသကြီးအတွင်း လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့်ပပျောက်ရေးစီမံချက်ပါ ကလေးများအား ပြန်လည်ထူထောင်ရေးဦးစီးဌာနရန်ပုံငွေဖြင့် ပညာသင်စရိတ်ထောက်ပံ့ခြင်းကို (၂၅-၁-၂၀၂၄)ရက်နေ့ မနက်(၁၀:၀၀)နာရီတွင် အောင်မြေသာစံမြို့နယ်(အထက-၃၈)ညောင်ကွဲ၌ ကျင်းပခဲ့ပြီး ကလေးတစ်ဦးလျှင် (၅၀၀၀၀) နှုန်းဖြင့် ကလေး (၄၅) ဦးအား ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

FacebookTwitter