ASEAN-IPR ကဆောင်ရွက်မည့် Initial Draft Research Framework of ASEAN-IPR Women in Peace Processes Programme အပေါ် သဘောထားမှတ်ချက်ပြန်ကြားနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ASEAN-IPR ကဆောင်ရွက်မည့် Initial Draft Research Framework of ASEAN-IPR Women in Peace Processes Programme အပေါ် သဘောထားမှတ်ချက်ပြန်ကြားနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့၊ နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ အာဆီယံအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်မှတ်ပုံတင်ကဏ္ဍ (ASEAN Women for Peace and Registry-AWPR) အဖွဲ့ဝင်များဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြား‌‌ရေးမှူးချုပ်‌ ဒေါက်တာစန်းစန်းအေးနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်လဲ့လဲ့သိန်း၊ ငြိမ်းချမ်းရေးနှင့်နှီးနွှယ်ဆက်စပ်သည့် ဌာနဆိုင်ရာ/အဖွဲ့အစည်းများဖြစ်သော အာဆီယံရေးရာဦးစီးဌာန၊ ပြည်ထောင်စုအဆင့် အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် AWPR အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာစန်းစန်းအေးက ASEAN-IPR က ဦးဆောင်ဆောင်ရွက်မည့် Women’s Role in Conflict Resolution and Peace Processes in ASEAN သုတေသနစာတမ်းအတွက် အချက်အလက်ကောက်ယူရာတွင် အသုံးပြုရန် ရေးသားပြုစုထားသည့် Initial Draft Research Framework of ASEAN-IPR Women in Peace Processes Programme နှင့် Women in Peace Processes Programme ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသူများက အဆိုပါ အချက်အလက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ သုတေသနနှင့်စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ၁၄း၃၀ နာရီတွင် ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။
 

FacebookTwitter