ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင် သလဲဦးကျေးရွာ ငလျင်ဘေးရှောင်စခန်း၌ ကလေးပျော်နေရာ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ
၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ သလဲဦးကျေးရွာ ငလျင်ဘေးရှောင်စခန်းရှိ မိသားစုဝင်များ၏ ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူ ထောင်မှုရရှိစေရေး၊ စိုးရိမ်စိတ်များ လျှော့ချနိုင်စေရေးနှင့် လူမှုပတ်ဝန်းကျင်အတွင်း ပုံမှန်အခြေအနေသို့ ရောက်ရှိနိုင်စေရေးအတွက် ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံးနှင့် ညောင်ရွှေမြို့နယ် လူမှုဝန်ထမ်းရုံးတို့မှ ဝန်ထမ်းများက ကလေးပျော်နေရာများ ပြုလုပ်ပေးခဲ့ပြီး ကလေးများစိတ်ပျော်ရွှင်မှု ရရှိနိုင်စေရန် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။