၁၃၈၇ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၇) ရက် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပခြင်း

    ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ သက်ကြီးပူဇော်ပွဲအခမ်းအနားကို (၁၇.၄.၂၀၂၅)ရက် ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဦးဆောင်၍ အဘိုး/အဘွားများအား ပူဇော်ကန်တော့ခြင်းတို့အတွက် ပြည်နယ်သာသနာရေးဦးစီးဌာနှ ကန်တော့ချိုး တိုင်ကြားပေးခဲ့ပြီး တက်ရောက်လာသော သက်ကြီးဘိုးဘွားများအား  ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများတို့မှ  တောင်ကြီးမြို့ပေါ်ရပ်ကွက်(၂၂)ရပ်ကွက် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း (၄၇၁) ဦးတို့အား တစ်ဦးလျှင် ကျပ် ၅၀၀၀၀/- နှုန်းဖြင့် စုစုပေါင်း ဂုဏ်ပြုပူဇော်ကန်တော့ငွေကျပ် (၂၃.၅၅) သန်းအပြင် အလှူရှင်များမှ  လှူဒါန်းငွေများနှင့် လှူဖွယ်ပစ္စည်းများတို့ဖြင့် အသီးသီးလှူဒါန်းကြပြီး အဘွားတစ်ဦးမှ ဆုတောင်းမေတ္တာ ပြန်လည်ပို့သခဲ့ကာ အခမ်းအနားကို နံနက် (၁၁း၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
    အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာမှ အကြီးအကဲများ၊ ကန်တော့ခံ အဘိုးအဘွားများ၊  ဖိတ်ကြားထားသော ဧည့်တော်များ စုစုပေါင်းအင်အား (၄၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

FacebookTwitter