၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ သက်ကြီးပူဇော်ပွဲကျင်းပ

၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၏ ဦးဆောင်မှုဖြင့် သက်ကြီးပူဇော်ပွဲအခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 
အဆိုပါအခမ်းအနားတွင် ဘိုးဘွားများအား ပြည်နယ်လူမှုဝန်ထမ်းရုံးမှ နံနက်စာအာဟာရတာဝန်ယူကျွေးမွေးခြင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး တက်ရောက်လာကြသော ဧည့်သည်တော်များက ဘိုးဘွားများအား ကန်တော့ချိုးဖြင့် ကန်တော့ခြင်း၊ အလှူငွေနှင့် ပစ္စည်းများ ဂါရဝပြုလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသော ဘိုးဘွားများကိုယ်စား အဘိုး (၁)ဦးနှင့် အဘွား (၁)ဦးတို့က ဆုတောင်း မေတ္တာများပြန်လည်ပို့သခဲ့ကာ အခမ်းအနားကို  ရုပ်သိမ်းခဲ့ပြီး အသက် (၁၀၀)နှစ်နှင့် ထက် ဘိုးဘွား (၁၃) ဦးအား မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် လိုက်လံ၍ ဂါရဝပြုကန်တော့ခဲ့ပါသည်။
အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ် / ခရိုင် / မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ မြို့မိ /မြို့ဖ များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်းအင်အား  (၃၅၀)ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။ ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ သက်ကြီးပူဇော်ပွဲတွင် ဘိုးဘွား (၁၁၃) ဦးအတွက် အလှူငွေနှင့် ပစ္စည်းတန်ဖိုးစုစုပေါင်း ( ၂၄၆,၉၉,၀၀ဝိ/-) ကျပ်အား လှူဒါန်းခဲ့ပါသည်။ 
 

FacebookTwitter