လူမှုဝန်ထမ်းဦးစီးဌာနနှင့် Japan Heart အဖွဲ့တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပခြင်း

         လူမှုဝန်ထမ်းဦးစီးဌာနနှင့် Japan Heart အဖွဲ့တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲအခမ်းအနားအား ၂၀၂၅ခုနှစ် မေ ၈ ရက်၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်  တာဝန်ရှိသူများ၊ Japan Heart အဖွဲ့မှ Country Director နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါ သည်။

          အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Japan Heart အဖွဲ့သည်  လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာကို (၉-၇-၂၀၁၂ မှ ၈-၇-၂၀၁၅) ရက်အထိ ပထမအကြိမ်၊ (၁-၈-၂၀၁၆ မှ ၃၁-၇-၂၀၁၉) ရက်အထိ ဒုတိယအကြိမ်၊ (၂၀-၁၀-၂၀၂၀ မှ ၁၉-၁၀-၂၀၂၃) ရက်အထိ တတိယအကြိမ် လက်မှတ်ရေးထိုး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ယခုအခါ စတုတ္တအကြိမ် နားလည်မှုစာချွန်လွှာကို စီမံကိန်းကာလ (၃) နှစ်နှင့် လက်မှတ်ရေးထိုးဆောင်ရွက်နိုင်သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ယခင်ကာလများကဲ့သို့ နားလည်မှုစာချွန်လွှာပါ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားစေလိုပါကြောင်းပြောကြားခဲ့ပြီး Japan Heart အဖွဲ့မှ Country Directorက ယခုလိုနားလည်မှု စာချွန်လွှာရေးထိုးနိုင်ခဲ့သည်အတွက် ကျေးဇူးအထူးတင်ရှိပါ ကြောင်းနှင့် ငလျင်ဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ပြီး အပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။ Japan Heart အဖွဲ့သည် အမြင်အာရုံမသန်စွမ်းသူများအား အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးခြင်း၊ ကလေးသူငယ်များအား ပညာရေးပံ့ပိုးပေးခြင်း၊ ပရဟိတဂေဟာတွင်စောင့်ရှောက်ထားသော ကလေးများအား ထောက်ပံ့ပေးခြင်းစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီးရှိ ကြည့်မြင်တိုင်မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် (၃) ခုတို့တွင် အမေရိကန်ဒေါ်လာ (၃)သန်းဖြင့် အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter