မသန်စွမ်း ကျောင်းများမှ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ

ရန်ကုန်။  ၂၀၁၂ခုနှစ် သြဂုတ်လ (၁၅)ရက် -

လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မသန်စွမ်း ကျောင်းများမှ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်အား မသန်စွမ်းသူများ အခြေခံပညာ တတ်မြောက်စေရန် ၊ အသက်မွေး ဝမ်းကျောင်း ပညာများ တတ်မြောက်၍ ဝင်ငွေရလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်နှင့် လူ့အသိုင်းအဝန်း အတွင်း ဂုဏ်သိက္ခာရှိစွာ ပါဝင်နိုင်ရန် ရည်ရွယ်ချက်များဖြင့်  ၂၀၁၂ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့ထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ မသန်စွမ်း သက်ငယ်သင်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည် ထူထောင်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးစောဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းကျောင်းများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း ဦးစီးဌာန၊ မသန်စွမ်း သင်တန်းကျောင်းများမှ အရာရှိ၊ အရာထမ်း (၃၀) ဦးတက်ရောက်ခဲ့ပြီး အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများ၊ အထူးပညာရေးနှင့် လူတိုင်း အကျူံးဝင်ပညာရေး ၊ အမှီအခိုကင်းစွာနေထိုင်ခြင်း (Independent Living)၊ ရပ်ရွာအခြေပြု လုပ်ငန်းများတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter