အမျိုုးသမီးသင်တန်း ကျောင်းများ၏ အရည်အသွေး တိုးတက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ

ရန်ကုန်။ ၂၀၁၂ခုနှစ် သြဂုတ်လ (၁၃)ရက် -

    လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ မရန်းကုန်းမြို့နယ် အမှတ်(၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ လူမှုဝန်ထမ်း အတတ်သင် သိပ္ပံကျောင်းတွင် အမျိုုးသမီးသင်တန်း ကျောင်းများ၏ အရည်အသွေး တိုးတက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို သြဂုတ်လ(၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ကျင်းပခဲ့ရာ ဦးစောဝင်း၊ ညွှန်ကြားရေးမှူး (ပြန်လည်ထူထောင်ရေးဌာနခွဲ)မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

    အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေး၊ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အသက်မွေးဝမ်း ကျောင်းပညာရပ်များ သင်ကြားတတ်မြောက်ပြီး လူ့အသိုင်းအဝိုင်းအတွင်း အလုပ်အကိုင်ရရှိ၍ ဝင်ငွေရရှိပြီး မိမိတို့ဘ၀ မိမိတို့တိုးတက်ရာ လမ်းကြောင်းများကို လျှောက်လှမ်းနိုင်ရန် ရည်ရွယ်ကြောင်း သိရပါသည်။

    အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို အမျိုးသမီးသင်တန်းကျောင်း(၁၂)ကျောင်းမှ ဝန်ထမ်း (၃၀)ဦး တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲအား သြဂုတ်လ(၁၄)ရက်နေ့ထိ (၂)ရက်တာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter