လူမှုဝန်ထမ်းဦးစီးဌာနနှင့် Triangle GH နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

နေပြည်တော်၊ အောက်တိုဘာ (၈) -

    လူမှုဝန်ထမ်းဦးစီးဌာန နှင့် Triangle Generation Humanitarian (Triangle GH-Myanmar) တို့၏ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို (၅-၁၀-၂၀၁၂)ရက်နေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

    အဆိုပါ အခမ်းအနားတွင် လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က ထိခိုက်လွယ်ပြီး အင်အားနည်းတဲ့ ကလေးသူငယ်၊ အမျိုးသမီးတွေ၊ မသန်စွမ်းသူတွေ၊ သက်ကြီးရွယ်အိုတွေ အတွက် အဓိက တာဝန်ယူပေးသော ဌာနတစ်ခု ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်း လူမှုရေး အဖွဲ့အစည်းများရဲ့ ထောက်ပံ့ကူညီမှုများဟာ လူမှုအကာ အကွယ် လွှမ်းခြုံနိုင်ရေး အတွက် အရေးပါတဲ့ အခန်း ကဏ္ဍမှရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် လူမှုရေးလုပ်ငန်းများကို INGOs အဖွဲ့များနှင့် လက်တွဲ ပူူးပေါင်း ဆောင်ရွက်သွားမည်ဟု ရည်မှန်းထားတဲ့ အတိုင်း ၂၀၁၁ခုနှစ၊် စက်တင်ဘာလ (၉)ရက်က Save the Children, World Vision, Help Age International တို့နှင့်လည်းကောင်း ၂၀၁၂ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့က Good Neighbors International, Terre des Hommes (Tdh_Italia), Action Aid, Japan Heart, Caritas Thailand, Global Vision, Plan International, The Leprosy Mission International, Latter Day Saint Charities, Marie Stopes International တို့နှင့်လက်မှတ်ရေးထိုးခဲ့ကြပြီး ယခုMOU လက်မှတ်ရေးထိုးသော Triangle GH အဖွဲ့ပါဝင်ပါက စုစုပေါင်း (၁၄)ဖွဲ့ နှင့် ပူးပေါင်း၍ လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်နေတဲ့တွက် အထူးပင်ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။ 

    ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ဦးစိုးကြည်နှင့် Triangle GH အဖွဲ့မှ Head of Mission တို့သည် နားလည်မှု စာချွန်လွှာတွင် လက်မှတ်ရေးထိုးကြသည်။ ထို့နောက် Triangle GH အဖွဲ့မှ Mr. Damien Bironneaw ကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

    အဆိုပါအခန်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူး ဦးသန်းထွန်း၊ အရာထမ်းများနှင့် Triangle GH Myanmar မှ ဧည့်သည်တော်များ တက်ရောက်ကြောင်းသတင်းရရှိသည်။

FacebookTwitter