နိုင်ငံတော်ရဲ့ အနာဂတ်အတွက် ရတနာအဖြစ် ကလေးငယ်များအား ကာကွယ်စောင့်ရှောက်ပေးကြစို့

နေပြည်တော်၊ နိုဝင်ဘာလ( ၇ )ရက် -

    ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ သဘောတူညီချက် ကွန်ဗင်းရှင်း CRC စာချုပ်ရဲ့ အနှစ်သာရ (၄)ခုဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အကာအကွယ် ရရှိခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် တို့ကိုရှေးရှုပြီး ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ INGOs, NGOs များ ပူးပေါင်း ဆောင်ရွက်ပြီး ကလေးသူငယ် များ၏ မိုင်းအန္တရယ် ဖြစ်နိုင်ချေကို လျော့ချပေးခြင်းဖြင့် ၎င်းတို့၏ အသက်ရှင်သန်ခွင့်၊ မသန်စွမ်းဖြစ်မှု လျော့ချရေး၊ ပြည်သူလူထု အတွက် နည်းလမ်းကောင်းများ ရှာဖွေပြီး ကြိုးပမ်းအားထုတ် ရမှာဖြစ်ကြောင်း၊ နိုင်ငံတော်က ငြိမ်းချမ်းရေး ပန်းတိုင်ကို လျှောက်လှမ်းနိုင်ပြီးတဲ့ အချိန်မှာ ဒေသဖွံ့ဖြိုးရေး အတွက် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ရမှာဖြစ်ပြီး မိုင်းအန္တရာယ်ကြောင့် ဒုက္ခရောက်သူများအား ထောက်ပံ့ခြင်း၊ မိုင်းရှာဖွေ ဖော်ထုတ်ခြင်း တို့ကို ဆောင်ရွက်ပြီး မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းသည် အလွန်ပင် အရေးကြီးကြောင်း၊ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့တွင် ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ တတိယနှင့် စတုတ္ထ အကြိမ် အစီရင်ခံစာကို တင်သွင်းပြီး လူမှုဝန်ထမ်း ဦးစီးဌာနက ဦးဆောင်၍ သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် မိုင်းအန္တရာယ် အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲများကို ပြုလုပ် ဆောင်ရွက်ခဲ့ရာတွင် Plan of Action များ ချမှတ်ပြီး အလုပ်ရုံ ဆွေးနွေးပွဲများ၏ ကိုယ်စားလှယ်များက မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူများအား အသိပညာနှင့် နည်းပညာများ၊ အတွေ့အကြုံများ မျှဝေပေးရမှာ ဖြစ်ကြောင်း၊ ယနေ့ နံနက် (၉)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က ပြောကြားခဲ့သည်။

    ဆွေးနွေးပွဲကို နေပြည်တော် ဟိုတယ်ဇုန်ရှိ (Sky Palace Hotel) တွင် ကျင်းပရာ UNICEF မှ Mr. Ramesh Shrestha နှင့် Dan Church Aid မှ Ms.Kim Warren, Mine Action Adviser တို့က မိုင်းအန္တရာယ် အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း အကြောင်းကို ရှင်းလင်း တင်ပြကြသည်။

 

အနာဂတ်အတွက် ရတနာအဖြစ် ကလေးငယ်များ   

 

အဆိုပါ ဆွေးနွေးပွဲကို ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သိန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် INGOs, NGOs များ တက်ရောက်ပြီး ဆွေးနွေးပွဲကို နိုဝင်ဘာ (၇) ရက်မှ(၉) ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။

FacebookTwitter