ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် Women's Forum နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ပြင်သစ် သံရုံးမှ သံအမတ်ကြီး Mr.Thierry Mathou နှင့် တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဖေဖော်ဝါရီ(၁၄)ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် ယနေ့ နေ့လည် (၁၂း၀၀)နာရီ အချိန်တွင် ပြည်ထောင်စု ဝန်ကြီးရုံး၊ မေခလာခန်းမ၌ မြန်မာနိုင်ငံ ပြင်သစ် သံရုံးမှ သံအမတ်ကြီး Mr.Thierry Mathou နှင့် Women's Forum (ပြင်သစ်) အဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ Ms.Jacqueline Franjou တို့အား တွေ့ဆုံပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပရန် လျာထားသော Women's Forum နှင့် ပတ်သက်သည့် အကြိုလုပ်ငန်းများနှင့် ဆွေးနွေးမည့် ဘာသာရပ် ဆိုင်ရာများနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်သည်များကို ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter