ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ၏ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တွင် လူမှုဝန်ထမ်း လုပ်ငန်းများ သွားရောက်ဆောင်ရွက် စစ်ဆေး

နေပြည်တော်၊ မေလ(၆)ရက် -

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျက် (၃-၅-၂၀၁၃) ရက်နေ့ နေ့လည်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေး စခန်းသို့ သွားရောက် ကြည့်ရှု စစ်ဆေးပြီး အကြောင်းအမျိုးမျိုး ကြောင့် မူးယစ်ဆေးဝါး သုံးစွဲခဲ့၍ မူးယစ်ဆေး ဖြတ်ပြီးသူများအား ဆေးပြန်လည် မသုံးစွဲနိုင်အောင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဖြစ်သော သက်မွေးပညာများ သင်ကြားပေးရေး၊ စိတ်ဓါတ် ကြံ့ခိုင်မှု တည်ဆောက် ပေးရေး၊ လူမှုရေး အခက်အခဲများကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ရေး စသည့် လုပ်ငန်းများ ကို စေတနာ ထားပြီး အလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။

 

လူမှုဝန်ထမ်း လုပ်ငန်းများ

      ပြည်ထောင်စု ဝန်ကြီးသည် (၄-၅-၂၀၁၃) ရက်နေ့၊ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ ဘော်ကျေးရွာသို့ ရောက်ရှိပြီး မိုးသောက်ပန်း သက်ကြီးသူချင်း ကူညီ စောင့်ရှောက်ရေး အဖွဲ့ဝင်များ ( Older People Self Help Groups - OPSHG) အား တွေ့ဆုံ၍ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် Help Age International တို့ပူးပေါင်း အကောင် အထည်ဖေါ် ဆောင်ရွက် လျက်ရှိသည့် ကျေးရွာအခြေပြု သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးပြီး သက်ကြီးသူများ ငွေပဒေသာပင် အတွက် ဦးအောင်ဇော်မြင့် + အဂ္ဂ မဟာ သီရိသုဓမ္မ သိင်္ဂ ီ ဒေါက်တာ မြတ်မြတ်အုန်းခင် မိသားစုမှ အလှူငွေ (၁)သိန်းကျပ် ပေးအပ် လှူဒါန်းခဲ့ပါသည်။ ထို့နောက် ဝက်မွေးမြူရေးခြံသို့ သွားရောက် ကြည့်ရှု့ခဲ့ပါသည်။

     ဆက်လက်၍ အင်းပုတ်ကျေးရွာသို့ သွားရောက်၍ ဖူးပွင့်ဝေဆာ သက်ကြီးသူချင်း ကူညီ စောင့်ရှောက်ရေး အဖွဲ့ဝင်များ အား တွေ့ဆုံ အားပေးစကားများ ပြောကြားပြီး ကျေးရွာ အခြေပြု သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများ အပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးကာ ပြည်ထောင်စုဝန်ကြီး မိသားစုမှ မတည်ငွေ အလှူငွေ (၁)သိန်းကျပ် ပေးအပ်လှူဒါန်း ခဲ့ပါသည်။ ထို့နောက် လျှပ်စစ် ဓာတ်အားပေး မီးစက်ရုံသို့ ကြည့်ရှု့ ခဲ့ပါသည်။

 

လူမှုဝန်ထမ်း လုပ်ငန်းများ လူမှုဝန်ထမ်း လုပ်ငန်းများ လူမှုဝန်ထမ်း လုပ်ငန်းများ

    မေလ၊ (၅)ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် ပြည်ထောင်စု ဝန်ကြီးသည် ချယ်ရီမြေ ဘိုးဘွား ရိပ်သာ၌ အဘိုး/အဘွား များအား လှူဖွယ် ပစ္စည်းများ လှူဒါန်း၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ထင်းလင်းခန်းမ၌ ကျင်းပပြုလုပ်သော ပြင်ဦးလွင် ခရိုင်အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့ အစည်းများအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ ပါသည်။

    ယင်းသို့ ပြောကြားရာတွင် ဝန်ကြီးဌာန အနေဖြင့် လူမှုဝန်ထမ်း ဆိုင်ရာ မူဝါဒများ နှင့်အညီ လုပ်ငန်း တာဝန်ကြီး (၈)ရပ်ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့ အချိန်ထိ တနိုင်ငံလုံးမှာ ဝန်ကြီးဌာနမှ အသိအမှတ် ပြုထားပြီးသော စေတနာ့ ဝန်ထမ်း အဖွဲ့အစည်း စုစုပေါင်း (၁၁၉၂) တို့ကို (၂၀၁၂-၂၀၁၃) ဘဏ္ဍာရေး နှစ်မှာ စုစုပေါင်း ကျပ်သန်းပေါင်း (၅၄၇.၈) သန်း ထောက်ပံ့ ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ်တွင် မနှစ်ကထက် (၃.၁၃)ဆ တိုးမြှင့်ပြီး စုစုပေါင်း ကျပ်သန်းပေါင်း (၁၇၁၆.၆) သန်း တိုးမြှင့်ထောက်ပံ့ သွားမှာ ဖြစ်ပါကြောင်း၊ ပြောင်းလဲ လာတဲ့ ခေတ်သစ်၊ စနစ်သစ်နှင့် အညီ ထောက်ပံ့ကြေး ငွေများကိုလည်း အချိန်အခါနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဆက်လက် တိုးမြှင့် ထောက်ပံ့ သွားမည် ဖြစ်ပါကြောင်း စသည်ဖြင့် လမ်းညွှန် အမှာစကား ပြောကြားခဲ့ ပါသည်။

     ထို့နောက် ချယ်ရီမြေ ဘိုးဘွား ရိပ်သာအတွက် ဆန်ဘိုး ထောက်ပံ့ငွေ (၃)သိန်း (၉)သောင်း၊ ဒိုးပင် အောင်ကံသာ လူငယ် ပရဟိတ ဂေဟာအတွက် ဆန်ဘိုး ထောက်ပံ့ငွေ (၃၇၄)သိန်း (၁)သောင်း၊ ပရဟိတ မျက်မမြင် ပညာသင်ကျောင်း အတွက် ဆန်ဘိုး ထောက်ပံ့ငွေ (၄၂)သိန်း၊ ရတနာသိဒ္ဓိ လူငယ် ပရိဟိတဂေဟာ အတွက် ဆန်ဘိုး (၂၁)သိန်း နှင့် ထောက်ပံ့ကြေးငွေ (၃၃)သိန်း (၇)သောင်း စုစုပေါင်း (၅၄)သိန်း (၇)သောင်းကျပ်၊ အောင်သာ ကံမြင့် ပရဟိတ ဂေဟာအတွက် ဆန်ဘိုးငွေ (၁၁)သိန်း (၇)သောင်း၊ ရွှေစည်းခုံ ပရဟိတ ဂေဟာအတွက် ဆန်ဘိုးငွေ (၉)သိန်း (၃)သောင်း နှင့် ထောက်ပံ့ကြေးငွေ (၁၃)သိန်း (၃)သောင်း (၃)ထောင် စုစုပေါင်း (၂၂)သိန်း (၆)သောင်း (၃)ထောင်၊ မူလတန်းကြိုကျောင်း (၉)ကျောင်း အတွက် တစ်ကျောင်းလျှင် (၆)သိန်း ကျပ်စီ စုစုပေါင်း ကျပ်သိန်းပေါင်း (၅၆၃.၀၃)သိန်း ကို တာဝန်ရှိသူများထံ ပေးအပ် ထောက်ပံ့ခဲ့ပါသည်။

     ဆက်လက်၍ ဦးအောင်ဇော်မြင့် + အဂ္ဂ မဟာ သီရိသုဓမ္မ သိင်္ဂ ီ ဒေါက်တာ မြတ်မြတ်အုန်းခင် မိသားစုမှ မျက်မမြင် ပရဟိတ ဂေဟာအတွက် အလှူငွေ (၁)သိန်းကျပ်ကို ကြီးကြပ်ရေး ကော်မတီထံသို့ ပေးအပ်လှူဒါန်း ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

FacebookTwitter