ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် အား မြန်မာနားမကြားသူများ လူ့အသိုင်းအဝန်း အတွင်း ဝင်ဆံ့နိုင်မှု မြှင့်တင်ရေး စီမံချက် အပိုင်း (၂) မှ ကျွမ်းကျင်သူ Ms. OGAWA ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့လာရောက် တွေ့ဆုံ

နေပြည်တော်၊ မေလ (၈) ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်အား ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(Japan International Coopertion Agency-JICA) အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာ နားမကြားသူများ လူ့အသိုင်းအဝန်း အတွင်း ဝင်ဆံ့နိုင်မှု မြှင့်တင်ရေး စီမံချက် အပိုင်း(၂) (Sign Language Project Phase II) မှ ကျွမ်းကျင်သူ Ms. OGAWA ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ မွန်းလွဲ (၃း၀၀)နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက် တွေ့ဆုံပါသည်။

    ထိုသို့ တွေ့ဆုံရာတွင် ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ယင်းသို့ တွေ့ဆုံရာ၌ နားမကြားသူများရဲ့ ဘာသာစကားကို လူသိများစေရန် အသိပညာပေး လုပ်ငန်းများ၊ နည်းပြများနှင့် တာဝန်ရှိသူ များအား ဂျပန်နိုင်ငံသို့  လေ့လာရေးခရီး စေလွှတ်၍ သင်ကြားမှု နည်းပညာများ စနစ်တကျလေ့လာသင်ယူရေး လုပ်ငန်းများနှင့် နားမကြားသူများ ကိုယ်တိုင် သင်ကြားပို့ချ ပေးနိုင်သည်အထိ လေ့ကျင့်ပေးနိုင်ရး လုပ်ငန်းများ စသည့် မြန်မာနိုင်ငံရှိ နားမကြားသူများ အတွက် ဝန်ဆောင်မှု လုပ်ငန်းများအား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter