၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဝန်ထမ်းမိသားစု ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ခြင်း အခမ်းအနားကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဝန်ထမ်းမိသားစု ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက် အမှာစကား  ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ အခြေခံအကျဆုံး ကဏ္ဍသည်သည် ပညာရေး ကဏ္ဍဖြစ်ပါကြောင်း၊ "ပညာမြင့်မှ လူမျိုးတင့်မည်" ဆိုသည့် စကားနှင့်အညီ ပညာရေးကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ အသီးသီး မြင့်မားလာကြခြင်း ဖြစ်ပါကြောင်း၊ ယနေ့ ပညာသင် ထောက်ပံ့ရာတွင် ဝန်ကြီးဌာန တစ်ခုလုံး ဝန်ထမ်းသားသမီး ကျောင်းသား/သူ စုစုပေါင်း ၉၂၃ ဦးကို ထောက်ပံ့ပေးမည် ဖြစ်ပါကြောင်း၊ အသိပညာ၊ အတတ်ပညာ များကို ဆင့်ပွားရယူ နိုင်ရန် အတန်းပညာသည် အခြေခံအားဖြင့် မရှိမဖြစ် လိုအပ်ပါကြောင်း၊ ပညာရေး အဆင့်အတန်း မြင့်မားလာလျှင် နိုင်ငံတော်၏ ဆင်းရဲမှု လျော့ပါးလာမည်မှာ မုချဧကန် ဖြစ်ပါကြောင်း၊ ယနေ့ ကျောင်းသား/သူများ အနေဖြင့် ပညာကို ကြိုးကြိုးပမ်းပမ်း ဝီရိယစိုက် သင်ယူကြရန်နှင့် ပညာတတ် လူရည်ချွန် လူရည်မွန်များ ဖြစ်အောင် ကြိုးစားကြရန် မှာကြားခဲ့သည်။

    ထို့နောက် ထူးချွန် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းသား/သူများအးား ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သတင်းရရှိသည်။

FacebookTwitter