ပြည်ထောင်စု ဝန်ကြီး ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အာဆီယံ အဆင့် အစည်းအဝေးများ သို့ တက်ရောက်

နေပြည်တော်၊ စက်တင်ဘာလ(၉)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အာဆီယံ ဝန်ကြီးများအဆင့် အစည်းအဝေးများသို့တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့စက်တင်ဘာလ(၅)ရက်နေ့မှ(၈)ရက်နေ့ထိသွားရောက်ခဲ့ပါသည်။

    စက်တင်ဘာလ (၅)ရက်နေ့၊နံနက(ရး၀၀)နာရီ အချိန်တွင်ဆီရမ်ယိမြို့၊ Sokha Angkor Resort, Apsara  (2)ခန်းမ၌ ကျင်းပသော လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အာဆီယံ ဝန်ကြီးများ အလုပ်သဘော ညစာစားပွဲသို့တက်ရောက်ခဲ့ပါသည်။

    စက်တင်ဘာလ (၆)ရက်နေ့၊နံနက်(၈း၃၀) အချိန်တွင်ဆီရမ်ယိမြို့၊ Sokha Angkor Resort, Apsara  (2)ခန်းမ၌  က‌မ္ဘောဒီးယားနိုင်ငံ ၊ဝန်ကြီးချုပ် Mr.  Hun   Senနှင့် လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အာဆီယံ ဝန်ကြီးများ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

    ဆက်လက်၍ နံနက် (၉း၀၀) နာရီအချိန်တွင်  Ball Room ၌ ဝန်ကြီးချုပ် Mr.  Hun   Senဖွင့်လှစ်သော (၈)ကြိမ်မြောက် လူမှုဝန်ထမ်းနှင့်   ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအာဆီယံ ဝန်ကြီးများ အစည်းအဝေးသို့ ဆက်တက်ရောက်ပြီး အာဆီယံ ဝန်ကြီးများ အဆင့်အစည်းအဝေးသို့ ဆက်လက် တက်ရောက်ခဲ့ပါသည်။

     ယင်းအစည်းအဝေးတွင် အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့်   မြှင့်တင်ရး အာဆီယံကော်မတီမှ တင်သွင်းသော အမျိုးသမီးများနှင့် ကလေးသူငယ် များအား အကြမ်းဖက်မှု  ပပျောက်ရေးအာဆီယံကြေညာချက် (မူကြမ်း) နှင့် ပက်သက်၍ ပြည်ထောင်စုဝန်ကြီးမှ  ပြန်လည်ဆွေးနွေးရာတွင်  ဝန်ကြီးဌာနအနေဖြင့် ထိခိုက်လွယ်သောအုပ်စုများဖြစ်သည့်   ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အို များအတွက်   လူမှုဂရုဏာ စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊  ကလေးသူငယ်ဥပဒေ (၁၉၉၃) ကိုပြဌာန်းပေးခဲ့ပြီး နည်းဥပဒေ၊ စည်းမျဉ်းများကို (၂၀၀၁)ခုနှစ်တွင်  ဆက်လက်ပြဋ္ဌာန်းခဲ့ကာ ယခုအခါ    ပြောင်းလဲလာသော ခေတ်သစ်၊  စနစ်သစ်နှင့်အညီ ကလေးသူငယ်ဥပဒေကို   ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း၊  ရှေးဦးသူငယ် ပြုစုစောင့်ရှောက်ရေး ဥပဒေနှင့် မူဝါဒ  တို့ကို မကြာခင် အတည်ပြု  ပြဌာန်းနိုင်တော့မ ည်ဖြစ်ပါကြောင်း ၊ ယူအန်စီဒေါတွင်  ကတိကဝတ်ပြုထားသည့်အတိုင်းအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အမျိုသားအဆင့် စီမံကိန်းကိုမကြာခင်  ဖြန့်ဝေနိုင်တော့မည်ဖြစ်ပါကြောင်း ၊ အာဆီယံနိုင်ငံများအနေဖြင့်    အမျိုးသမီးများနှင့်ကလေးသူငယ်များအား အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ရေးအတွက် အချက်အလက်များနှင့်  သုတေသန လုပ်ငန်းများကို  ပိုမို  ဆောင်ရွက် ရန် လိုအပ်ပါမည်လို့  မိမိအနေဖြင့်  မှတ်ချက်ပြုလိုပါကြောင်း စသည်ဖြင့်ဆွေးနွေးခဲ့ပါတယ်။ 

     ၎င်းနောက် ည(ရး၃၀)အချိန်တွင် ဆီရမ်ယိမြို့ ၊ Cultural  Village ၌ကျင်းပသော လူမှုရေးရာ ၊ စစ်မှုထမ်းဟောင်းများနှင့် လူငယ်များ ပြန်လည်ထူထောင်ရေး  ဝန်ကြီးဌာနမှ တည်ခင်းဧည့်ခံသော Gala Dinner သို့ တက်ရောက်အားပေးပါသည်။

    စက်တင်ဘာလ(၇)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင်ဆီရမ်ယိမြို့၊ Sokha Angkor Resort,Ball Room ၌ ကျင်းပသော စတုတ္ထအကြိမ်မြောက် လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ +၃ ဝန်ကြီးများအဆင့် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်ပြီး အာဆီယံ+၃ ဝန်ကြီးများ အဆင့် အစည်းအဝေး  သို့ဆက်လက် တက်ရောက်ခဲ့ပါသည် ။

     ယင်းအစည်းအဝေး၌  ပြည်ထောင်စု ဝန်ကြီးမှ  မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့်   ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး သို့တည်ဆောက်ရာတွင် ပြု ပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို လွန်ခဲ့သော လပေါင်း(၃၀) အတွင်း ဆောင်ရွက်ခဲ့ရာ၌ အောင်မြင်မှုများအပြင် လူမှုစီးပွားဘ၀ စိန်ခေါ်မှုများကိုပါ ရင်ဆိုင်ဖြေရှင်းလျက်ရှိပါကြောင်း ၊ နိုင်ငံတော်သမ္မတ ကြီး၏ မိန့်မှာချက် အတိုင်း အားလုံးပါဝင်သည့် မြန်မာလူမှုရေး စောင့်ရှောက်ရေးစနစ်  တည်ဆောက်ရန် နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစဉ် (၈)ရပ် တို့ကို အကောင်အထည်ဖေါ် ဆောင်ရွက်ရန်  စီစဉ်လျက်ရှိပါကြောင်း ၊ သက်ကြီးရွယ်အို များ အတွက် နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာ (Day Care Center for the Aged) ကို ရန်ကုန်မြို့တွင် ကြာခင်ဖွင့်လှစ်မည် ဖြစ်ပါကြောင်း ၊မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒအား အတည်ပြု ပြဌာန်းနိုင်ရန်  စီစဉ်လျက်ရှိပါကြောင်း ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအားနိုင်ငံတော်မှ အတည်ပြု ပြဌာန်းပေးခဲ့ပြီးဖြစ်ပါကြောင်း ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု  သင်တန်းကျောင်းကို ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတမြို့တွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါကြောင်း ၊ ရှေ့လုပ်ငန်းစဉ်များအဖြစ်  အမျိုးသမီးများနှင့် ကလေးသူငယ်များအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရးဥပဒများ  ရေးဆွဲပြဌာန်းနိုင်ရေး၊ ရှေးဦးကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနတို့ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရေး ၊ လူငယ်များနှင့်သက်ကြီးရွယ်အိုများ အတွက် အမျိုးသားအဆင့် မူဝါဒများ ရေးဆွဲနိုင်ရေးနှင့် လူမှုရေး သိပ္ပံတက္ကသိုလ်  ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရေး တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း ၊ အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် "အားလုံးအတွက် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု"  "Social Development for All" အတွက်အားသွန်ခွန်စိုက် ကြိုးစားအားထုတ်လျက်ရှိသော အာဆီယံ+၃ နိုင်ငံများအား ကျေးဇူးတင်ရှိပါကြောင်း ၊ အာဆီယံ၏ဆောင်ပုဒ်ဖြစ်သည့် "One vision, One Identity and One Community" အတိုင်း မြန်မာနိုင်ငံအနေဖြင့် အခြားသော အာဆီယံ နိုင်ငံများ နည်းတူ ဒေသတွင်း ပြည့်စုံကောင်းမွန်သော လူမှုရေးကာကွယ်စောင့်ရှောက်မှုစနစ် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

      (၈) ကြိမ်မြောက် လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ ဝန်ကြီများ အဆင့်အစည်းအဝေးမှ  ခိုင်မာသည့် လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် ပတ်သတ်သော အာဆီယံကြေငြာချက် (ASEAN Declaration on strengthening Social  protection)၊   အမျိုးသမီးများနှင့် ကလေးသူငယ်များအား အကြမ်းဖက်မှု ပပျောက်ရေးအာဆီယံ  ကြေငြာချက်  (ASEAN Declaration on Elimination of Violence against  Women and Children)၊ နှင့်  (၈)ကြိမ်မြောက် လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  အာဆီယံ ဝန်ကြီးများ အဆင့်အစည်းအဝး၏ပူးတွဲ  ကြေငြာချက်(Joint statement of 8th ASEAN Ministerial Meeting on Social Welfare and Development) တို့ကို ထုတ်ပြန်ခဲ့ပါသည်။

    စတုတ္ထအကြိမ်မြောက် လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အာဆီယံ +၃ ဝန်ကြီးများအဆင့် အစည်းအဝေးမှ (၄) ကြိမ်မြောက် လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ +၃ ဝန်ကြီးများအဆင့် အစည်းအဝေး၏ ပူးတွဲကြေငြာချက် Joint statement of 4th ASEAN +3 Ministerial Meeting on Social Welfare and Development) ကိုထုတ်ပြန်ခဲ့ပါသည်။

    စက်တင်ဘာလ(၈)ရက်နေ့ ၊ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ယိမြို့မှ ထွက်ခွာခဲ့ရာ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှ တဆင့် ရန်ကုန်မြို့သို့ ယင်းနေ့ ညနေပိုင်း တွင် ပြန်လည်ရောက်ရှိခဲ့ ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter