အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) မိတ်ဆက်တင်ပြခြင်း အခမ်းအနား ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ (၃) ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အနေဖြင့် အမျိုးသား အမျိုးသမီး တန်းတူညီမျှ ဖြစ်ရေးနှင့် အမျိုးသမီး အခွင့်အရေး ကိစ္စများကို ကြိုးပမ်း အကောာင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်းဖြင့် ယနေ့နံနက် (၀၉း၀၀)နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး  အမျိုးသားအဆင့် မဟာဗျူဟာ  စီမံကိန်း (၂၀၁၃-၂၀၂၂)  မိတ်ဆက်တင်ပြခြင်း အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောာင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ပြောကြားခဲ့သည်။

    ထို့အပြင် မဟာဗျူဟာ စီမံကိန်းကို ရေးဆွဲ အကောင်အထည်ဖော် နိုင်ခြင်းသည် နိုင်ငံတော်အတွက် သာမက မြန်မာအမျိုးသမီးထု တစ်ရပ်လုံးအတွက်ပါ အထူးအကျိုးရှိသည့် ဆောင်ရွက်ချက် ဖြစ်ပါကြောင်း၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ဆန့်ကျင်ရေး ဥပဒေကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်း အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အမျိုးသမီး အရေးလှုပ်ရှား ဆောင်ရွက်သော အဖွဲ့ (၉၈)ဖွဲ့ ပါဝင်သည့် အမျိုးသား တန်းတူညီမျှဖြစ်ရေး ကွန်ရက်အဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် ၂၀၁၄ ခုနှစ်တွင် UNCEDAW ကော်မတီသို့ တင်သွင်းရမည့် စတုတ္ထနှင့် ပဉ္စမအကြိမ်မြောက်  ပူးတွဲ အစီရင်ခံစာအတွက် အခြေအနေ ကောင်းမွန်လျက်ရှိ ပါကြောင်း၊ ဤစီမံကိန်းကြီးသည် မြန်မာအမျိုးသမီး၏ အခွင့်အရေးများ သေချာစေရေး၊ အမျိုးသမီး အဖွဲ့အစည်း တစ်ရပ် ထူထောင်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အထောက်အကူပြု လုပ်ငန်းကြီးတစ်ရပ် ဖြစ်သည်ကို အထူးယုံကြည်မိ ပါကြောင်းဖြင့် ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့သည်။

    ဆက်လက်၍ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၂-၂၀၂၂)ပါ အကြောင်းအရာများနှင့် အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှရေး ကွန်ရက်အဖွဲ့မှ အကြီးတန်း ညှိနှိုင်းရေးမှူးက အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင် ဖြည့်ဆည်းမှု အစီအစဉ်များကို ဆွေးနွေးတင်ပြ ကြသည်။

FacebookTwitter