ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် အာရှ-ပစိဖိတ်ဒေသတွင်းရှိ ကလေးသူငယ်အခွင့်အရေး များအတွက် ဒုတိယအကြိမ် အဆင့် မြင့်အရာရှိများ အစည်းအဝေးသို့ တက်ရောက်

နေပြည်တော်၊ အောက်တိုဘာလ(၂၈) ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများဖိုရမ်သို့ တက်ရောက်ရန် ပြင်သစ်နိုင်ငံသို့ အောက်တိုဘာ(၁၆)ရက်နေ့မှ (၁၈)ရက် နေ့ထိ လည်းကောင်း၊ အာရှ-ပစိဖိတ်ဒေသတွင်းရှိ ကလေးသူငယ်အခွင့်အရေး များအတွက် ဒုတိယအကြိမ် အဆင့် မြင့်အရာရှိများ  အစည်းအဝေးသို့ တက်ရောက်ရန် အိန္ဒိယနိုင်သို့ အောက်တိုဘာ(၂၁)ရက်နေ့မှ (၂၅)ရက် နေ့ထိ လည်းကောင်းသွားရောက်ခဲ့ပါသည်။

      ပြင်သစ်နိုင်ငံ၊ Deauvaille မြို့တွင် ကျင်းပသည့် (၉) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ ဖိုရမ်သို့ တက်ရောက်စဉ်အတွင်း အောက်တိုဘာ (၁၆) ရက်နေ့တွင် Women's Forum for the Economy and society မှ President ဖြစ်သူ Ms. Veronique Morali ? CEO ဖြစ်သူ Ms. Jsvwurlinr Franjou နှင့် French Ambassador for Human Rights ဖြစ်သူ H. E .Patrizianna Sparaccino တို့နှင့် သီးခြားစီ တွေ့ဆုံ ၍ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော အမျိုးသမီးရေးရာကိစ္စရပ်များ ၊ ရေးဆွဲလျက်ရှိသော အမျိုးသ မီး များအား အကြမ်းဖက်ခံရမှုုမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေကိစ္စရပ် များ ကျား/မ တန်းတူညီတူရှိရေး အသိပညာပေး အစီအစဉ်များအား နှစ်နိုင်ငံအကြား အတွေ့အကြုံခြင်း ဖလှယ်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲကပါသည်။ ယင်းနေ့ညဦးပိုင်းတွင် Orange & the Women's Forum မှ စီစဉ်ကျင်း ပ သော အလုပ်သဘောညစာ စားပွဲသို့တက်ရောက်ခဲ့ပါသည်။

    အောက်တိုဘာလ (၁၇) ရက်နေ့တွင် မြို့တော်ခန်းမ၌ Deauville မြို့တော်ဝန်ဖြစ်သူ Mr. Philippe Augier အား တွေ့ဆုံခဲ့ပါသည်။ ဆက်လက်ပြီး Executive Director, Institute for Women, Peace and Security, Georgetown University ဖြစ်သူ H.E. Melamme Verveer နှင့်လည်းကောင်း၊  French Minister of Women's Right & Government spokesperson ဖြစ်သူ H .E. Najat Vallaud  -  Belkacem နှင့်လည်း ကောင်း ၊ သီးခြားစီ တွေ့ဆုံ၍ မြန်မာအမျိုးသမီးများအား အခွင့်အရေး အပြည့်အ၀ ရရှိခံစားနိုင်ရေးနှင့် ဖွံ့ဖြိုး တိုး တက်ရေးအတွက် အမျိုးသားအဆင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ စီမံချက် (၂၀၁၃-၂၀၂၂) အားချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း အမျိုးသမီးများအား အကြမ်းဖက်မှု ကာကွယ် စောင့်ရှောက်ရေး ဥပဒေအား အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ  နည်းပညာ အကူအညီများဖြင့် ရေးဆွဲလျက်ရှိကြောင်း စသည်ဖြင့် ဆွေးနွေးပြော ကြားခဲ့ပါသည်။

     အောက်တိုဘာလ (၁၈)ရက်နေ့တွင် ပဲရစ်မြို့၌ French Deputy Minister for Smal and Medium Business, Innovation and Digital Economy ဖြစ်သူ H.E.Fleur Pellerin နှင့် Chairman and CEO ALP SA, Honorary Chairman Areva ဖြစ်သူ Anne Lauvergeor တို့နှင့် သီးခြားစီ တွေ့ဆုံ၍ မြန်မာနိုင်ငံရှိ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ဆောင်ရွက်နေမှုများ မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် အလွှာ အသီးသီးတွင် မြန်မာအမျိုးသမီး များ၏ ပူးပေါင်းပါဝင် ဆောင်ရွက်နေမှုများအား ဆွေးနွေးခဲ့ပါသည်။

      ထို့နောက် Les abondances (the instition for elderly) မှ Director ဖြစ်သူ Marie-Anne Fourrier နှင့် တွေ့ဆုံပြီး အမျိုးသမီးများ ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် နှင့် ထိရောက်စွာ လွှမ်းခြုံနိုင်ရေး ကိစ္စရပ်များ အပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြပါသည်။

    အောက်တိုဘာလ (၁၉) ရက်နေ့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာများသို့ သွားရောက်ပြီး နေ့ပိုင်းစောင့်ရှောက်ရေး ဌာနများ ဖွင့်လှစ်၍ ပြုစုစောင့်ရှောက်နေသည့် အစီအစဉ်များ၊ ဘိုးဘွားဆေးရုံ ဖွင့်လှစ်၍ ပြုစုစောင့်ရှောက်နေသည့် အစီအစဉ်များ၊ ဘိုးဘွားများ၏ မှတ်ဉာဏ်လျော့နည်းမှုမှ ကာကွယ်တားဆီးရေး အတွက် လေ့ကျင့်ခန်း အစီအစဉ်များ၊ ဘိုးဘွားများအား အစားအသောက် ကျွေးမွေးရေး ဆိုင်ရာ အစီအစဉ်များ၊ သီးပင်၊ စားပင်၊ ပန်းပင်ကဲ့သို့သော တပိုင်တနိုင် စိုက်ပျိုးရေး အစရှိသော ဘိုးဘွားများ ဝါသနာပါရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိမှုများ စသဖြင့် သက်ကြီးဘိုးဘွား များအတွက် သက်ဆိုင်ရာဌာနများတွင် လက်ခံ၍ ပြုစုစောင့်ရှောက် နေမှုများအား ကြည့်ရှုလေ့လာခဲ့ပါသည်။

     အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပသည့် အာရှ-ပစိဖိတ်ဒေသတွင်းရှိ ကလေးသူငယ် အခွင့်အရေးများအတွက် ဒုတိယအကြိမ် အဆင့်မြင့် အရာရှိများ အစည်းအဝေးသို့ တက်ရောက်ရာတွင် အောက်တိုဘာ (၂၃) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် Meeting of the HLM2 Drafting Committee သို့ တက်ရောက်ပြီး (၁၅း၀၀) နာရီအချိန်တွင် အဆင့်မြင့်အရာရှိများ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ ဆက်လက်တက်ရောက်ခဲ့ပါသည်။

     အောက်တိုဘာလ (၂၄) ရက်နေ့ အစည်းအဝေး ဒုတိယနေ့တွင် Promoting and Practicing South-South Cooperation for Child Rights in Asia and the Pacific: from Beijing to New Delhi Session1, Session2 သို့ တက်ရောက်ခဲ့ပါသည်။ Fullfilling Child Right with Childhood Development Session3 တွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်မှစ၍ UN Convention on the Rights of the Child (UNCRC) အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါကြောင်း ၊ မြန်မာနိုင်ငံ အစိုးရသည် ကလေးသူငယ် စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် ကော်မတီအား ဖွဲ့စည်းပြီးဖြစ်ပါကြောင်း ၊ ရှေးဦး ကလေးသူငယ် စောင့်ရှောက်ရေးနှင့် ပြုစုပျိုးထောင်ရေးဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း စသည်ဖြင့်ပြောကြား ခဲ့ပါသည်။ ယင်း အစည်းအဝေးမှ အာရှ-ပစိဖိတ်ဒေသ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး နယူးဒေလီ ကြေငြာချက် (New Delhi Declaration on South-South Cooperation for Child Right in Asia and the Pacific) အားထုတ်ပြန် ကြေငြာခဲ့ပါသည်။

      ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာလ(၂၆) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှ ထွက်ခွာလာခဲ့ရာ ဘန်ကောက်မြို့မှတဆင့် အောက်တိုဘာလ (၂၇) ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

FacebookTwitter