မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင် ၉ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ၂၀၁၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင် ၉ရက် နံနက်ပိုင်းက အဆိုပါ ဝန်ကြီးရုံးစိုက်ပျိုးကွင်း၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေနှင့်ဒေါ်စုစုလှိုင်တို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြပြီး အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာများ၌ စိုက်ပျိုးပေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက လှည့်လည်ကြည့်ရှုအားပေးကြသည်။

      အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ စိန်တစ်လုံးသရက်နှင့် နှစ်ရှည်အရိပ်ရ သစ်ပင်များ စသည့် ပျိုးပင် စုစုပေါင်း ၄၈၀ ကို စိုက်ပျိုးခဲ့ကြောင်းသတင်းရရှိသည်။

FacebookTwitter