လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Norwegian People’s Aid အဖွဲ့အစည်းနှင်‌့ Thales Thailand Ltd တို့မှ လာရောက် တွေ့ဆုံခြင်း

နေပြည်တော်၊ သြဂုတ်လ(၃) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ သြဂုတ်လ ၃ရက်နေ့၊ မွန်းလွဲ (၃း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Norwegian People’s Aid အဖွဲ့အစည်းမှ စီမံချက်မန်နေဂျာဖြစ်သူ Ms.Melissa Andersson ဦးဆောင်သည့်အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ မိုင်းအန္တရာယ်လုပ်ငန်းကော်မတီအနေဖြင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် MAG အဖွဲ့အစည်း၊ Halo Trast အဖွဲ့အစည်း၊ Norwegian People’s Aid အဖွဲ့အစည်းတို့ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ မိုင်းအန္တရာယ်အသိပေးလုပ်ငန်းများ ရှေ့ဆက်လက်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းစီမံကိန်း ရေးဆွဲရာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ ဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှတဆင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့်နည်းလမ်းများ ဖော်ထုတ်ရေးနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

      အလားတူ မွန်းလွဲ(၄း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား Thales Thailand Ltd မှ Director of VP Business Development Myanmar ဖြစ်သူ Mr. Ronald Massard မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ သတင်းအချက်အလက်စီမံခန့်ခွဲမှုနှင့် အဆင့်မြင့်နည်းပညာများ အသုံးပြုမှုဆိုင်ရာကိစ္စရပ်များ၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်သော ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ပါသည်။

FacebookTwitter