မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အပ်ချုပ်စက်အလုံး(၅၀)ပေးအပ်လှူဒါန်း

     (၂၃.၈.၂၀၁၆)ရက်နေ့ စစ်တွေမူလတန်းကြိုကျောင်းခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံး လက်အောက်ရှိ အိမ်တွင်းမှုလုပ်ငန်း ပညာသင်ကျောင်းအား ပြည်နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း၊ အမျိုးသမီးများအား သက်မွေးဝမ်းကျောင်း ပညာသင်ကြားနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးနိုင်ရန်အတွက် အပ်ချုပ်စက်အလုံး(၅၀)ကိုလည်းကောင်း၊ စစ်တွေကလေးပြုစုရေးဌာနရှိ နိုင်ငံတော်မှ ကာကွယ် စောင့်ရှောက်ထားသော ကလေးများအတွက် ခြုံစောင်၊ ဆေးစိမ်ခြင်ထောင်၊ ခြင်ဆေးခွေနှင့် အသင့်စားသုံးနိုင်ရန် အစားအစာများအား ရခိုင်ပြည်နယ် ကြက်ခြေနီအသင်းမှ ဥက္ကဌ ဦးခင်မြတ်ဦးမှ ပေးအပ်လှူဒါန်းခဲ့ရာ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ လက်ခံရယူခဲ့ပါသည်။

FacebookTwitter