လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Youth Policy Development (UNFPA) အဖွဲ့မှ လာရောက်တွေ့ဆုံခြင်း

၂၀၁၆ ခုနှစ်၊ စက်တင်ဘာ (၉)၊ နေပြည်တော် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်(၁၁း၀၀) နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား youth policy development(UNFPA) အဖွဲ့မှ အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ လူငယ်မူဝါဒ ရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များတွေ့ ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး လုပ်ငန်းအဖွဲ့မှ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လူငယ်ဖိုရမ်များ ကျင်းပ၍ ဆောင်ရွက်နေမှု အခြေအနေများ၊ လူငယ်မူဝါဒ ရေးဆွဲရေးဆိုင်ရာ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ ဖွဲ့စည်း ဆောင်ရွက်နေမှု အခြေအနေများ၊ လူငယ်မူဝါဒရေးဆွဲရေးနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်  သတင်းမီဒီယာ၊ လူမှုကွန်ယက်များမှ တစ်ဆင့် ဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အသေးစိတ်လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter