လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား Asian Development Bank(ADB) အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ စက်တင်ဘာလ ၁၉  -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ စက်တင်ဘာလ (၁၆) ရက်နေ့၊ မွန်းလွဲ(၃း၃၀)နာရီ အချိန်တွင် ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား Asian Development Bank(ADB)အဖွဲ့ အစည်းမှ  လုပ်ငန်းမန်နေဂျာ ဖြစ်သူ Mr. Arghya Sinha Roy ဦးဆောင်သော အဖွဲ့ဝင်များလာရောက် တွေ့ဆုံခဲ့ ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံ ပြည်သူလူထု သဘာဝဘေး ရင်ဆိုင်တုံပြန်နိုင်စွမ်း မြင့်မားစေရေး အမျိုးသားအဆင့် မူဘောင်(မူကြမ်း)ဖော်ထုတ်ဆောင်ရွက်နေမှု အခြေအနေများ၊ အဆိုပါ မူဘောင်(မူကြမ်း)အားသက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ထိုမှတဆင့် အမျိုးသား အဆင့် မူဘောင်အား အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ မှ  အတည်ပြုဆောင်ရွက်နိုင်ရေးနှင့်   ရှေ့ဆက်အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များ၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကိစ္စရပ်များတွင် အာရှဖွံ့ဖြိုးရေး ဘဏ်မှ နည်းပညာနှင့် ငွေကြေး ထောက်ပံ့မှုများ ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်မည့် နယ်ပယ်များနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာဆွေးနွေး ခဲ့ကြပါသည်။

FacebookTwitter