၀န်ကြီး ဒေါက်တာ ဝင်းမြတ်အေး လူမှုကာကွယ်စောင်‌့ရှောက်မှု လိုအပ်သော မိန်းခလေး ငယ်နှစ်ဦးကို ကြည်‌့ရှုထောက်ပံ့ခြင်း နှင့် ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအ‌ဝေး အမှတ်စဉ် (၃ / ၂၀၁၆) သို့ တက်ရ

ရန်ကုန်၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂၅ -

      လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် ၂၀၁၆ ခုနှစ် ၊ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၊ အထွေထွေရောဂါကုဆေး ရုံကြီး၌ ဆေးကုသမှုခံယူလျှက်ရှိသောလူမှုကာကွယ်စောင်‌့ရှောက်မှုလိုအပ်သည်‌့ မဆန်းကေခိုင်နှင်‌့ မသဇင်တို့ (၂)ဦးအား သွားရောက်ကြည်‌့ရှုထောက်ပံ့ရာဆေးရုံအုပ်ကြီးဒေါက်တာအေးကိုကိုနှင်‌့ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင်‌့ တာဝန်ရှိသူများသည် ဆေးရုံအုပ်ကြီးရုံးခန်း၌ မိန်းခလေးငယ် (၂)ဦးနှင်‌့ ပါတ်သက်၍ ဆက်လက်ဆောင်ရွက်မည်‌့ လုပ်ငန်းစဉ် များဆွေးနွေးညှိနှိုင်းကြပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဦးစီးဌာန (ဗဟိုသိုလှောင်ရုံ)တွင် ကျင်‌းပသည့် ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင်‌့ လူမှုစီးပွားဘ၀ ဖွံံ့ဖြိုးတိုး တက်ရေးလုပ်ငန်းကော်မတီသို့ လှူဒါန်းသည်‌့ ဆေးနှင်‌့ဆေးပစ္စည်းများလှူဒါန်းခြင်းနှင်‌့ ရေဘေး သင်‌့ဒေသများပြန်လည် ထူထောင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကိုတက်ရောက်၍ မြန်မာနိုင်ငံဆေးနှင်‌့ ဆေးပစ္စည်းကုန်သည်များနှင်‌့ လုပ်ငန်းရှင်များအသင်းအလှူရှင် (၁၆) ဦးတို့ကရေဘေးသင်‌့ပြန်လည်ထူထောင်ရေးအတွက် အလှူငွေကျပ် သိန်း(၃၀)နှင်‌့   ဒေသတွင်းပြန်လည်နေရာချထားရေးနှင်‌့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီသို့ လှူဒါန်းသည်‌့ (၇၃၂၁၉၁၈) ကျပ်တန်ဖိုးရှိဆေးနှင်‌့ ဆေးပစ္စည်းများကို ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီးကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ကိုပြန်လည် ပေးအပ်ခဲ့ပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင်‌့ အဖွဲ့သည် ရန်ကုန်မြို့မှ လေယာဉ်ဖြင်‌့ ဆက်လက်ထွက်ခွာခဲ့ရာစစ်တွေမြို့သို့ မွန်လွဲ ၂ နာရီ ၂၀ မိနစ်အချိန်တွင် ရောက်ရှိကြပါသည်။

      ပြည်ထောင်စုဝန်ကြီးနှင်‌့ အဖွဲ့ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင်‌့တာ ဝန် ရှိသူများက ကြိုဆိုခဲ့ကြပြီးပြည်နယ်အစိုးရအဖွဲ့ အစည်းအ‌ဝေး ခန်းမတွင်ကျင်းပသည့် ရခိုင်ပြည်နယ် ဒေသတွင်းပြန် လည်နေ ရာချထားရေးနှင်‌့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအ‌ဝေးအမှတ်စဉ် (၃ / ၂၀၁၆) သို့ တက်ရောက်အမှာစကား‌ြပောကြားပါသည်။

     ပြည်ထောင်စုဝန်ကြီးက ဒေသတွင်းပြန်လည်နေရာချထားရေးနှင်‌့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဝန်ကြီးဌာနအလိုက်ရန်နှင်‌့ ပြည်နယ်အစိုးရနှင်‌့ ပူးပေါင်းအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် ဆွေးနွေးမှာကြားပါသည်။

     ဆက်လက်၍ အစည်းအ‌ဝေးသို့ တက်ရောက်လာကြသူများမှ ဖြည်‌့စွက်ဆွေးနွေးရာတွင် လူမှုဝန်ထမ်း ၊ ကယ် ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်ကကော်မတီ၏ လုပ်ငန်း တာဝန် များအလိုက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအ‌ြခေအနေ ၊ ဝန်ကြီးဌာနများ၏ ဆောင်ရွက်ပြီးစီးမှု အ‌ြခေအနေ ၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်ရန် လျာထားသည်‌့လုပ်ငန်းများနှင်‌့ ပြည်နယ် အစိုးရ၏ လိုအပ်ချက်တောင်းခံမှုများ အပေါ် ပြည်ထောင်စုအစိုးရအနေဖြင်‌့ ဆောင်ရွက်ပေးနိုင်မှု အ‌ြခေအနေနှင်‌့ ကော်မတီအနေဖြင်‌့ ညှိနှိုင်းဆောင်ရွက်ပေး နိုင်မှုအ‌ြခေအနေများကိုဖြည်‌့စွက်ဆွေးနွေးခဲ့ပါသည်။

      ထို့နောက် တက်ရောက်လာသည်‌့ ပြည်နယ်ဝန်ကြီးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ ဆောင်ရွက်နေ သည့်လုပ် ငန်းများနှင်‌့ စပ်လျဉ်း၍ တိုးတက်မှုအ‌ြခေအနေများ ၊ လုပ်ငန်းများအလိုက် လိုအပ်ချက် များ  ၊ ဆက်လက်အကောင်အ ထည်ဖော်ဆောင်ရွက်ရမည်‌့ လုပ်ငန်းများကိုအသီးသီးတင်ပြခဲ့ကြပါသည်။

      ဆက်လက်၍ ဒေသတွင်းပြန်လည်နေရာ ချထားရေးနှင်‌့    လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြည်‌့စွက်ဆွေးနွေးရာမိမိတို့ ဝန်ကြီးဌာနအနေဖြင်‌့ ရခိုင်ပြည်နယ်အတွင်းနယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ပေးနိုင်မှု အ‌ြခေအနေ ၊ ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည်‌့ လုပ်ငန်းများအပေါ် ဝန်ကြီးဌာနအနေဖြင်‌့ဆောင်ရွက်ထားရှိမှုများကိုဖြည့် စွက်ဆွေးနွေးပါသည်။

      ကော်မတီဒုတိယဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကဖြည်‌့စွက်ဆွေးနွေးရာတွင် ပူးပေါင်းပါဝင် ဆွေးနွေးပေးကြ သည်‌့ သူများကိုကျေးဇူးတင်ရှိပါကြောင်း ၊ မိမိတို့ဒေသဖွံ့ဖြိုးရန်အတွက် အခက်အခဲတစ်ချို့ရှိပေမယ့်လည်းမကြာခင် မှာအောင်မြင် ဖြတ်ကျော်နိုင်မည်ဟုယုံကြည်ယူဆပါကြောင်း ၊ နောင်တွင် အမှန်တကယ်လိုအပ်ချက်များကိုအမြန်အကောင် အထည်ဖော်  နိုင်ရေးအတွက် တင်ပြမည်ဖြစ်ပါကြောင်း ၊ ဖွံ့ဖြိုးရေးနှင့်အတူဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို လည်းဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း ‌ြပောကြားပါသည်။

       ဆက်လက်၍ ဒေသတွင်းပြန်လည်နေရာချထားရေးနှင်‌့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား‌ြပောကြားရာတွင် ယနေ့အစည်းအ‌ဝေးတွင်ဆွေးနွေးညှိနှိုင်းမှုများ သည်များ စွာအကျိုးရှိပါကြောင်း ၊ မိမိတို့ကော်မတီသည် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင်‌့ ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင် အထည်ဖော်ရေးဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီတစ်ခု ဖြစ်သဖြင်‌့ ကော်မတီ၏ လုပ်ဆောင်မှုများသည် ပိုမို ထူးခြားလေး နက်ပါကြောင်းဆောင်ရွက်ရမည့် လုပ်ငန်းများအနေဖြင်‌့ ၂၀၁၆- ၂၀၁၇ ဘဏ္ဍရေးနှစ်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ  ၊ ဖြည်‌့စွက်ရန်ပုံငွေမှ ဆောင်ရွက် ရမည့် လုပ်ငန်းများ၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍရေးနှစ်တွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများဟူ၍ (၃) မျိုးရှိပြီးအခြားပံ့ပိုးဆောင်ရွက်ရန်လုပ်ငန်းများရှိပါကလည်းပြည်နယ်အစိုးရမှတစ်ဆင်‌့ တင်ပြ ပေးရန်  ၊

       မိမိတို့ကေ်ာမတီမှတစ်ဆင်‌့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင်‌့ ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေးဗဟိုကော် မတီသို့ ဆက်လက်တင်ပြပြီးအမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၊ ယနေ့ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့သို့ လာရောက်ပြီးညှိနှိုင်းဆောင်ရွက်မှုများကိုမီဒီယာများမှတစ်ဆင်‌့ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးကိုဆောင်ရွက်ရန် လိုအပ်ပြီးပြည်သူ့အစိုးရ၏ ဆောင်ရွက်ချက်ကိုပြည်သူများကသိရှိရန်အရေးကြီးပါကြောင်း ၊ သို့မှသာပြည်သူက ပူးပေါင်းပါဝင် အကြံပြုကြပြီးရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကိုချမှတ်ဆောင် ရွက်နိုင် မည်ဖြစ်ကြောင်းနှင်‌့ ပြည်နယ်အစိုးရ၏ ဆောင်ရွက်ချက်များကိုပြည်ထောင်စုအစိုးရကပံ့ပိုးပြီးပိုမိုတိုးတက်ကောင်းမွန်သောဒေ သဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းပြောကြားပါသည်။

       ထို့နောက် အမျိုးသားသဘာ ဝဘေး  အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကထောက်ပံ့သောတစ်စီးလျှင် (၂၂)သိန်းတန်ဖိုးရှိစက်တပ်လှေ (၁၀) စီးနှင်‌့   ဒေသတွင်းပြန်လည်နေရာချထားရေးနှင်‌့လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီက ပြန်လည်ထောက်ပံ့သော ငွေကျပ် (၇၃၂၁၉၁၈) တန်ဖိုးရှိဆေးနှင်‌့ဆေးပစ္စည်းများကိုပြည်နယ်အစိုးရအဖွဲ့သို့ ပြည်ထောင်စု ဝန်ကြီးက ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပါသည်။

FacebookTwitter