လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး စစ်တွေမြို့တွင်း လှည့်လည် ကြည့်ရှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂၅ -

      ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများလိုက်ပါလျှက် ယနေ့နံနက်ပိုင်းတွင် မင်းဂံရပ်ကွက်သစ်သို့ ရောက်ရှိပြီး ပြည်သူများ၏ နေအိမ်များတွင် ထောက်ပံ့ထားရှိသော မီတာဘောက်များ တပ်ဆင်ထားရှိမှုနှင့် လျှပ်စစ်မီးရရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု ကြပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန ၊ ကယ်ဆယ်ရေးဂိုဒေါင်သို့ ရောက်ရှိပြီး စက်တပ်လှေများ ၊ ကယ်ဆယ်ရေး ပစ္စည်းများ ထိန်းသိမ်းသိုလှောင် ထားရှိမှုအခြေအနေများကို ကြည့်ရှုပြီး ရခိုင်ပြည်နယ်အစိုးရ အဖွဲ့သို့ ရေသန့်စက် (၁) လုံးကို ပေးအပ်ထောက်ပံ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူ ခဲ့ပါသည်။

FacebookTwitter