မြန်မာနိုင်ငံရှိမသန်စွမ်းကလေးများ၏ အခြေအနေဆန်းစစ်လေ့လာမှုအစီရင်ခံစာ မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ(၂၇) -

      နိုင်ငံတော်အစိုးရ၏ မူဝါဒနှင်‌့အညီ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင်‌့ နိုင်ငံသူ၊ နိုင်ငံသားများ၊ အထူးသဖြင်‌့ အန္တရာယ် အလွယ်တကူ ရရှိခံစားရလွယ်သော ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ပြုစုစောင်‌့ရှောက်ရေး၊ ကာကွယ်စောင်‌့ရှောက်ရေး ၊ ပြန်လည်ထူထောင်ရေး၊ လူမှုအဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့စေရေး တို့ကို လူမှုဝန်ထမ်းနည်းပညာများ၊ လူ့အခွင်‌့အရေး ဆိုင်ရာကွန်ဗင်းရှင်းများနှင်‌့ အခြားသက်ဆိုင်ရာ နယ်ပယ်အလိုက် သတ်မှတ်ထားရှိသည့် နိုင်ငံတကာစံနှုန်းများနှင်‌့အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

     မြန်မာနိုင်ငံမှ အတည်ပြု လက်မှတ်ရေးထိုးထားသည်‌့ ကလေးသူငယ်၊အမျိုးသမီး၊ မသန်စွမ်းများနှင်‌့ ပတ်သက်သည်‌့ လူ့အခွင်‌့အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကိုလည်း အဓိကဝန်ကြီး ဌာနအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊

     မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကလေးသူငယ်ဦးရေ ၁၇.၂ % ခန့်ရှိပြီး၊ ၎င်းအနက် ၁.၃၅% သည် မသန်စွမ်း ကလေးများ ဖြစ်ပါကြောင်း၊

     မြန်မာနိုင်ငံအနေဖြင်‌့ မသန်စွမ်းသူများ၏ အခွင်‌့အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအား ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးမသန်စွမ်း သူများ၏ အခွင်‌့အရေး ဥပဒေအား ၂၀၁၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ပြဌာန်းထားပြီဖြစ်ပါကြောင်း၊

     နည်းဥပဒေအားမူ ကြမ်းရေးဆွဲခြင်းနှင်‌့ အမျိုးသားကော်မတီကို ဖွဲ့စည်းနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်များအရ မသန်စွမ်းကလေးများ အပါအဝင် မသန်စွမ်းသူများ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင်‌့ မဟာဗျူဟာ(၂၀၁၆-၂၀၂၅)အား ရေးဆွဲချမှတ်နိုင်ခဲ့သည်‌့ အပြင်အထူးလိုအပ်ချက်ရှိသော ကလေးများပြုစုလေ့ကျင်‌့မှုအခြေခံ သင်တန်းများ ဖွင်‌့လှစ်ပို့ချနိုင်ခဲ့ကြောင်း၊

      မသန်စွမ်းကလေးများ အပါအဝင် ကလေးသူငယ်အားလုံးအတွက် ရှေးဦးအရွယ်ကလေး သူငယ်ဖွံ့ဖြိုးတိုးတက်မှု တိုင်းတာစစ်ဆေးပံ့ပိုးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း စနစ်ပေါ်ပေါက်လာစေရန် လူမှုဝန်ထမ်းဦးစီးဌာန သည် နည်းပညာပိုင်းဆိုင်ရာနှင်‌့ ငွေကြေးပိုင်းဆိုင်ရာတို့ကို လုံလောက်စွာပံ့ပိုးပေးခဲ့ ကြတဲ့ ယူနီဆက်ဖ်(မြန်မာ)နှင်‌့ ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သောမြန်မာနိုင်ငံဆိုင်ရာ အရည်အသွေးမြင်‌့မားသော အခြေခံပညာရေး အစီအစဉ် (QDEP)၊ သြစတေးလျ၊ ဒိန်းမတ်၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (DFID) ဥရောပသမဂ္ဂ(EU)၊ နော်ဝေနိုင်ငံတို့နှင်‌့ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊

      ယနေ့မိတ်ဆက်ရှင်းလင်းတင်ပြသော မြန်မာနိုင်ငံရှိ မသန်စွမ်းကလေးများ၏ အခြေအနေ ဆန်းစစ်လေ့လာမှု အစီရင်ခံစာသည် မသန်စွမ်းကလေးများ၏ လိုအပ်ချက်ကို ခွဲခြားဖော်ထုတ်ဖြည်‌့ဆည်းဆောင်ရွက်ရန်နှင်‌့ လူသားအားလုံး အကျုံးဝင် ဖွံ့ဖြိုးတိုးတက်မှု ပြည်‌့မီစေရေးတို့ကိုလည်း အထောက်အကူပြုနိုင်ပါကြောင်း၊

      မသန်စွမ်းကလေးများ၏ လက်ရှိအခြေအနေအပြင် ၎င်းတို့နေထိုင်ရာ ရပ်ရွာအတွင်းဖြတ်သန်းနေရသော ဘဝအတွေ့အကြုံတို့ ကိုသိရှိနိုင်ရေး လိုအပ်လျှက်ရှိသော သတင်းအချက်အလက် ကွာဟချက်များ ဖြည်‌့ဆည်းပေးနိုင်ခြင်းနှင်‌့ လူ့အဖွဲ့အစည်းမှ ဖန်တီးထားရှိသော အတားအဆီးတို့ကိုလည်း ခွဲခြားဖော်ထုတ်ထားရှိပါကြောင်း၊

      မသန်စွမ်းကလေးများအနေနှင်‌့ လူ့အဖွဲ့အစည်း အတွင်းအပြည်‌့အဝ ပါဝင်ဆောင်ရွက်ခွင်‌့နှင်‌့ လူမှုရေးအရပေါင်းစည်းပါဝင်နိုင်ရေး မသန်စွမ်းကလေးများ၏ အခွင်‌့အရေးပြည်‌့ မီရေး မြှင်‌့တင်ကြိုးပမ်းဆောင်ရွက်ကြရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်သည်‌့ မြန်မာနိုင်ငံရှိ မသန်စွမ်းကလေးသူငယ်များ၏ အခြေအနေဆန်းစစ်လေ့လာမှုအစီရင်ခံစာ မိတ်ဆက်ဖြန့်ဝေခြင်း အခမ်းအနားတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးေ ဒါက်တာဝင်းမြတ်အေးက တိုက်တွန်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter