လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအ‌ဝေး ကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊နိုဝင်ဘာလ ၁၀ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုဆောင်ရွက်မည့် မိခင်နှင့်ကလေးအား ငွေကြေးထောက်ပံ့မှု (Maternal and Child Cash Transfer – MCCT) အစီအစဉ်သည် မိခင်ဝမ်းတွင်းမှစ၍ မွေးဖွားပြီး (၂)နှစ်သားအရွယ်ထိ ရက်ပေါင်း တစ်ထောင် ကာလ အအတွင်း ဦးနှောက် ဖွံ့ဖြိုးမှု အကောင်းဆုံးရရှိစေပြီး ထိုဉာဏ်ရည်ဖွံ့ဖြိုးသော ကလေးများက အနာဂါတ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် မှုကို ဆောင်ရွက် ပေးနိုင်လာမည် ဖြစ်သောကြောင့် အကောင်းဆုံးသော ရင်းနှီးမြှပ်နှံမှု တစ်ခု ပြုလုပ်ခြင်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ရက်တစ်ရာ အလွန် ခြောက်လ စီမံချက်တွင် ပါဝင် ဆောင်ရွက်မည့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းဖြစ်ရာ လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းကော် မတီဝင်များ အနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေ လို ကြောင်း ‌ပြောကြားခဲ့ပါသည်။

      ၎င်း MCCT အစီအစဉ်ကို ချင်းပြည်နယ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ပထမ(၂)နှစ်တာ ကာလကို Livelihood and Food Security Fund (LIFT Fund)၏ လှူဒါန်းငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး နောက်ပိုင်း တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ် များကို နိုင်ငံတော်အစိုးရ၏ ဘက်ဂျက်ဖြင်‌့ ဆက်လက်ဆောင်ရွက် သွားနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ရှင်းလင်း‌ပြော ကြားပြီး လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီအသစ်ကို ဖွဲ့စည်းရန် ဆွေးနွေးခဲ့ကြပါသည်။

      ယနေ နံနက်ပိုင်းတွင်လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဝန်ကြီးရုံး မေခလာခန်းမတွင် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံအမတ်ကြီးဖြစ်သူ H.E. Mr.Hassan Bin Mohamed Rafei Al – Emadi နှင့်အဖွဲ့အား လက် ခံတွေ့ဆုံခဲ့ပါသည်။

      ထိုသို့ တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် ကာတာနိုင်ငံ အ‌ခြေစိုက် ကာတာဖောင်ဒေးရှင်းမှ ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စရပ်များ၊ ကလေးသူငယ်များ နှင့် မသန်စွမ်းသူများ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ဖွံ့ဖြိုးမှုနှောင့်နှေးနေသည့် ပြည်နယ်/ တိုင်းဒေသကြီးများသို့ အကူအညီပေးရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter