လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား နိုင်ငံတကာမီဒီယာထောက်ပံ့ရေးနှင့် ဖိုယိုမီဒီယာ အင်စတီကျုအဖွဲ့အစည်းမှ လာရောက်တွေ့ဆုံခြင်း

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ တွင် နိုဝင်ဘာလ (၁၁) ရက်နေ့၊ ‌နံနက် (၀၉း၀၀)နာရီ အချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား နိုင်ငံတကာ မီဒီယာထောက် ပံ့ ရေးနှင့် ဖိုယိုမီဒီယာ အင်စတီကျူ အဖွဲ့အစည်းမှ အကြံပေး အရာရှိ ဖြစ်သူ Ms. Agneta Soderberg Jacobson ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန မှ ဆောင်ရွက်နေ သော ကျား/ မ ရေးရာကိစ္စရပ်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းပါ ကျား/ မ ရေးရာကိစ္စရပ်များတွင် မီဒီယာများ၏ အ‌ရေးပါမှု အကြောင်းအရာများ၊ နိုင်ငံတကာ မီဒီယာထောက်ပံ့ ရေးနှင့် ဖိုယိုမီဒီယာ အင်စတီကျူ မှ ဆောင်ရွက်လျှက်ရှိသော မီဒီယာနှင့် ကျား/ မ ရေးရာ သုတေသန တွေ့ရှိချက်များ၊ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း၊ အမျိုးသမီးများ၏ အခွင့်အရေးများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်သော ဥပဒေ၊ နည်းဥပဒေများ ကို သတင်းမီဒီယာများ အပါအဝင် အများပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

FacebookTwitter