လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ (၂၉) -

      လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင် ရေး၊ ကာကွယ်ရေးနှင့်တုန့်ပြန်ရေးလုပ်ငန်းများအား ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ကော့သောင်းမြို့ သို့ ကွင်းဆင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ခရိုင်လူမှုဝန်ထမ်းရုံးဆောက်လုပ်ရန် လျာထားမြေနေရာအား လည်းကောင်း၊ လူကုန်ကူးခံရသူများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများအတွက် လူမှုဝန်ထမ်းပညာရပ်များဖြင့် ကူညီမှုနှင့် ရပ်ရွာအတွင်းပြန်လည်ဝင်ဆံ့ပေါင်းဆည်းရေး ဆောင်ရွက်ပေးလျက်ရှိသော လေးမိုင်ရွာရှိ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာအား လည်းကောင်း၊ သဘာဝဘေးဖြစ်ပွားပေါ်ပေါက်ပါက ယာယီခိုလှုံရန်နှင့်သာမာန်အချိန်တွင် စာသင်ကျောင်းအဖြစ်အသုံးပြုနိုင်ရန် မုန်တိုင်းဒဏ်ခံအေ ဆာက်အဦ ဆောက်လုပ်နိုင်ရေး၊ ပုလုံးတုံးတုံးကျေးရွာရှိ လျာထားမြေနေရာအားလည်းကောင်း၊ မူလတန်းကြိုကျောင်းဆောက်လုပ်ရန် ရွှေပြည်သာရပ်ကွက်ရှိ လျာထားမြေနေရာအားလည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးကုသမှုခံယူပြီးသူများအား ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ အသက် မွေးဝမ်းကြောင်းပညာရပ်များသင်ကြားပေးခြင်းနှင့် နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို စခန်းအခြေပြု၊ စခန်းနှင့်ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး နည်းဗျူဟာ သုံးရပ်ဖြင့် ပြန်လည်ထူထောင်ရေးစခန်းဖွင့်လှစ်နိုင်ရေး လျာထားမြေနေရာအား လည်းကောင်း၊ ခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေး ပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေအားလည်းကောင်း ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

      မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေး ခန်းမတွင် လူမှုဝန်ထမ်းလုပ်ငန်းများနှင့်သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်နေ သော စေတနာ့ဝန်ထမ်းလူငယ်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူနှင့် ပိုမိုနီးစပ်ရေး၊ ပြည်သူတို့ယုံကြည်မှုရရှိရေးကို ဦးတည်း၍ ရက်(၁၀၀)စီမံချက်ကိုရေးဆွဲဆောင်ရွက် ခဲ့ပြီးဖြစ်ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်သူ့အကျိုးကိပွင့်လင်းမြင်သာစွာနှင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယခုအခါ ရက်(၁၀၀)အလွန် (၆)လစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူမှုရေး အဖွဲ့ါအစည်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းပြောကြားခဲ့ပါသည်။

      ဆက်လက်၍ တက်ရောက်လာကြသူများ၏ ဆွေးနွေးမေးမြန်းချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

FacebookTwitter