သက်ငယ်မုဒိမ်းမှုများ ဖြေရှင်းဆောင်ရွက်ရေး၊တုံ့ပြန်ဆောင်ရွက်နိုင်ရေး နှင့် Action Plan ရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက် -

      (၃၀.၁၁.၂၀၁၆)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ သက်ငယ်မုဒိမ်းမှုများဖြေရှင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်နိုင်ရေး နှင့် Action Plan ရေးဆွဲနိုင်ရေးတို့ကို ဆက်စပ်ဌာနဆိုင်ရာများ၊ မိတ်ဘက်အဖွဲ့အစည်းများနှင့် လျှင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ Resource Mapping ပြုလုပ်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေးပွဲကို လူမှုဝန်ထမ်းဦးစီးဌာနမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားခဲ့ပြီး လွှတ်တော်ကော်မတီဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသေးစိတ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter