အမျိုးသမီးကလေးများသင်တန်းကျောင်း(ထောက်ကြန့်)သင်တန်းသူများအားတွေ့ဆုံခြင်းနှင့်New Light Foundation က တည်ထောင်ထားသော New World Therapeutic Training Center တွင် မသန်စွမ်း ပြုစုစောင့်ရှောက်ရေးဆိုင်ရာလူမှုအဖွဲ့အစည်းများနှင့်မသန်စွမ်းဆိုင်ရာသုတေသနလုပ်ငန်းများ

ရန်ကုန်၊ ဒီဇင်ဘာ (၃၁) -

      "အခြေခံလူ့အခွင့်အရေး ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်သော လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိ နိုင်မည့် လူမှုအသိုက်အဝန်းဖြစ်ရပ် ပေါ်ပေါက်လာစေရေးနှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် ပြည်သူလူထု လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေး" ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤသင်တန်းကျောင်းမှ သင်တန်းသူများကို မိမိတို့ဘဝ မိမိတို့ကိုယ်တိုင်ရပ်တည်နိုင်သည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များ ရရှိသွားပြီး လူမှုအသိုက်အဝန်းတွင် ပြန်လည်ဝင်ဆံ့နိုင်သည့် အခြေအနေရောက်အောင် လေ့ကျင့်ပြုစုစောင့်ရှောက်ပေးစေလိုကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထောက်ကြန့်အမျိုးသမီးကလေးများ သင်တန်းကျောင်းမှ သင်တန်းဆရာမများအား မှာကြားပြီး အစောင့်ရှောက်ခံ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ၎င်းတို့၏ လိုအပ်မှုတင်ပြချက်များကို ဆွေးနွေးဖြေရှင်း ပေးခဲ့ပါသည်။

      ထို့နောက်မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြောက်ဒဂုံမြို့နယ်ရှိ New Light Foundationက တည်ထောင်ထားသော New World Therapeutic Training Centerတွင် မသန်စွမ်းကလေးငယ်များ၊ သင်တန်းကျောင်းဆရာ/ဆရာမများ၊ မိဘများ၊ မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနှင့် မသန်စွမ်းအဖွဲ့များ ပူးပေါင်း၍ မသန်စွမ်းမှုဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် မသန်စွမ်းကလေးငယ်များ၏ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ ကျင်းပနေခြင်းကို တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter