လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် People In Need အဖွဲ့တို့အကြားနားလည်မှုစာချွန်လွှာရေးထိုးခြင်း

နေပြည်တော် မေ ၂၃ 

     ၂ဝ၁၇ခုနှစ်၊ မေလ(၂၃) ရက်နေ့၊ နေ့လယ်(၁၃းဝဝ)နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် People In Need  အဖွဲ့မှ Country Director ဖြစ်သူ  Mr. Vladislav Vik တို့သည် ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် အရပ်ဖက် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် နားလည်မှုစာချွှန်လွှာလက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြပါသည်။

 

FacebookTwitter