လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်မှ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် စက်ချုပ်သင်တန်းများဖွင့်လှစ်ပို့ချမှုနှင့် ကလေးပျော်နေရာများကြည့်ရှုစစ်ေ်ဆး

နေပြည်တော်၊ မေ(၁၈)

လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်သည် (၁၈.၅.၂၀၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် စစ်တွေမြို့သို့ရောက်ရှိပြီး၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်ဘေးရှာင်စခန်းများတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပံ့ပိုးဖွင့်လှစ်ပေး နေသော စက်ချုပ်သင်တန်းများတွင် သင်တန်းသူများ သင်ကြားနေမှုကို ကြည့်ရှုလေ့လာခဲ့ကြောင်း၊ ထိုသင်တန်းတွင် ထူးချွန်သူ (၁)ဦးစီအား ရွေးချယ်၍ အပ်ချုပ်စက်(၁)လုံးစီ ချီးမြှင့်မည့်အကြောင်း အားပေးပြောကြားခဲ့ပါသည်။

ထိုမှတစ်ဆင့် စစ်ဘေးရှောင်စခန်းများတွင် Save the Children နှင့် Australian AID တို့ ပူးပေါင်းပံ့ပိုး ဖွင့်လှစ်ထားသော ''ကလေးပျော်နေရာများ'' သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter