ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာ သော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးရေးအစီအစဉ် လုပ်ငန်းညှိနှိုင်း  ပေါင်းစပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပဆောင်ရွက်

နေပြည်တော်၊ မေ(၁၉)

 လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်သည် (၁၉.၅.၂၀၁၇)  ရက်နေ့တွင် နံနက်(၀၉း၀၀)နာရီမှ နေ့လည်(၁၂း၀၀)နာရီထိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့သော '' ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာ သော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးရေးအစီအစဉ် လုပ်ငန်းညှိနှိုင်း  ပေါင်းစပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ'' ကို တက်ရောက်ခဲ့ပါ သည်။

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း

          အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ထိန်လင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါကြောင်း၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှ အစီအစဉ်များကို ရှင်းလင်းပြောကြား ခဲ့ပြီး သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါကြောင်းနှင့် ဆွေးနွေးပွဲသို့  စုစုပေါင်း (၈၀) တက်ရောက်ခဲ့ပါသည်။

          မွန်းလွဲပိုင်းတွင်  ပေါက်တောမြို့ရှိ မီးဘေးသင့်၍ စစ်ဆေးရုံသို့ တက်ရောက်ကုသမှုခံယူနေရသူ (၅)ဦး အား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ဝိ/- စီဖြင့် လူမှုကရုဏာထောက်ပံ့ကြေးသွားရောက်ပေးအပ်ခဲ့ပါသည်။

social support   Social support

          ထိုမှတစ်ဆင့် စစ်တွေမြို့ ပြည်နယ်လူမှုဝန်ထမ်းရုံးတွင် ကလေးပြုစုရေးဌာန အိမ်တွင်းမှု သင်တန်း ကျောင်း၊ ပြည်နယ်ရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းလမ်းညွှန်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

Meeting with DSW staff   

FacebookTwitter