မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကြီးမှူး၍ မော်လမြိုင်ခရိုင်၊ အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားအား ပြည်သူသို့အသိပညာပေးခြင်းသင်တန်းကို (၂၃.၈.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
နေပြည်တော်၊ ဩဂုတ်လ ၂၄ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ရင်သွေးရတနာမူလတန်းကြိုကျောင်း၊ တော်ဝင်ရတနာမူလတန်းကြိုကျောင်း၊ နေပြည်တော်ကလေးပြုစုရေးဌာနနှင့် အမျိုးသားလွှတ်တော်မူလတန်းကြိုကျောင်းတို့ကိုသွားရောက်၍ ကလေးငယ်လေးများအား သင်ကြားလေ့ကျင့်နေမှု၊ ကျွေးမွေးစောင့်ရှောက်နေမှု၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် အခြေအနေနှင့် သင်ယူရာနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၄ ရက်၊ နေပြည်တော်     လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့၊ နေ့လယ် (၁၃ : ၀၀) နာရီတွင် ကျင်းပခဲ့ပြီး အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေးအဖွဲ့တွင်ပါဝင်သည့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ် (၂၈) ဦး တက်ရောက်ခဲ့ကြပါသည်။
၁၄၊၈၊၂၀၂၃၊ နေပြည်တော် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဖြစ်ရပ်စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Case Management Information System-CMIS) Software Digital Platform ကို အသုံးပြု၍ “CMIS Database Training လက်တွေ့အသုံးပြုခြင်းသင်တန်း” သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် (၀၉း၀၀) နာရီအချိန်က နေပြည်တော်၊ Horizon Lake View ဟိုတယ်၊ သရဖီခန်းမ၌ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှနှင့် အကြီးအကဲ (၂) ဦး၏ ဇနီးတို့က တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၃)ကို ၂၇.၇.၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အစည်းအဝေးသို့...
ဇူလိုင်လ(၂၆)၊ နေပြည်တော်        အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)(မူကြမ်း)ရေးဆွဲရေးအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများဆိုင်ရာလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)  ရေးဆွဲရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများဆိုင်ရာ လုပ်ငန်းကော်မတီဝင်(၂၀)ဦးနှင့် တာဝန်ရှိသူများ.....
၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့  နံနက်(၁၀:၀၀)နာရီ လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ နေပြည်တော်         လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) (မူကြမ်း) ရေးဆွဲရေးအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ၂၀.၇.၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ  အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ .......
၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့  နံနက်(၀၉:၀၀)နာရီ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားလေ့ကျင့်ရေးစခန်း (Goal Camp)၊ Multipurpose Hall နေပြည်တော် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍  Gender/ CEDAW/ NSPAW/ UNSCR 1325 အသိပညာပေးသင်တန်းအား ၁၈.၇.၂၀၂၃ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားလေ့ကျင့်ရေးစခန်း (Goal Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ  အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ ........
ဇူလိုင်လ ၂၄ ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်း အချက်အလက်စနစ် (Social Management Information System-SMIS) လက်တွေ့အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၉:၃ဝ) နာရီအချိန်တွင် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ တပ်မတော် (ကြည်း၊ရေ၊လေ)၊ သတင်းနည်းပညာဌာနမှ ဌာနမှူး၊ နည်းပညာအရာရှိများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ခံအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။