မြန်မာလက်သင်္ကေတပြဘာသာစကားဖြင်‌့ သတင်းထုတ်လွှင့်မှုအပေါ် နားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

နေပြည်တော် ၁၁.၇.၂၀၁၇

              လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ ကြီးမှူး၍ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့မှ (၆) ရက်နေ့အထိ ရန်ကုန်မြို့၊ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်းတွင် မြန်မာလက်သင်္ကေတပြဘာသာစကားဖြင်‌့ သတင်းထုတ်လွှင့်မှု အပေါ် နားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသား  လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင်မှ အဖွင်မိန့်ခွန်းပြောကြားပြီး မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးမြတ်သူဝင်းမှ အမှာစကားပြောကြားပါသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ပြန်လည်ထူထောင်ရေးဌာနခွဲ   ညွှန်ကြားရေးမှူး

ဒေါ်ယုယုဆွေမှ မြန်မာနိုင်ငံ နားမကြားသူများအတွက် လက်သင်္ကေတပြဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ရှိသင်တန်းများ  ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု  အခြေအနေများအား ရှင်းလင်းဆွေးနွေး ပါသည်။  အဆိုပါ

ဆွေးနွေးပွဲသို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)၊ MNTV ၊ MRTV-4၊ SKY Net နှင့် မြဝတီရုပ်မြင်သံကြားတို့မှ တာဝန်ရှိသူများနှင့် နားမကြားသူများအဖွဲ့(၆)ဖွဲ့မှကိုယ်စားလှယ်များ ၊ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ရှိ နားမကြားသော

ကလေးများကျောင်းများမှတာဝန်ရှိသူများ၊ မြန်မာလက်သင်္ကေတပြဘာသာစကားပံ့ပိုးသူများ ဝန်ဆောင်မှု လုပ်ငန်းမှ

တာဝန်ရှိသူများ စုစုပေါင်း (၅၃) ဦးတက်ရောက်ကြပြီး မြန်မာနိုင်ငံရှိ နားမကြားသူများ လက်သင်္ကေတပြ ဘာသာ စကားဖြင့်သတင်းထုတ်လွှင့်မှုအပေါ်နားလည်မှုပိုမိုအဆင့်မြှင့်တင်နိုင်ရေးအတွက်ရှေ့လုပ်ငန်းစဉ်များနှင့်ဆက်စပ်ဌာန

အဖွဲ့အစည်းများအတွက် အကြံပြုချက်များကို ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter