ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ECCD) အခြေခံသင်တန်းဖွင့်လှစ်ခြင်း

 နေပြည်တော် ၁၁.၇.၂၀၁၇

 

              (၁၁.၇.၂၀၁၇)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ပုသိမ်မူလတန်းကြိုကျောင်းစုဝေးခန်းမ၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ(ECCD) အခြေခံသင်တန်းအား ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းတွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးတင်ဇော်မိုးမှ သင်တန်း ဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်း ဆရာ / ဆရာမ များ၊ သင်တန်းသား/ သင်တန်သူများ မှ တစ်ဦးချင်းမိတ်ဆက်၍ သင်တန်းဖွင့်ပွဲအခန်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

FacebookTwitter