ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသော လုပ်သားများကိုစနစ်တကျကြိုဆိုမှုပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အားပေးကြည့်ရှု

 နေပြည်တော်၊ဇူလိုင်  ၁၂

              လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး

ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည်ကရင်ပြည်နယ်၊မြဝတီမြို့ရှိထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသောပြည်သူများ

ကိုပြန်လည်ကြိုဆိုလက်ခံရေးစခန်းသို့ယနေ့မွန်းလွဲပိုင်းတွင်ရောက်ရှိကြပြီးကြိုဆိုလက်ခံရေးလုပ်ငန်းများကိုဌာနဆိုင်ရာများအလိုက်

အဆင့်ဆင့်ဆောင်ရွက်ပေးနေပုံ၊ထိုင်းနိုင်ငံဘက်သို့တရားဝင်သွားရောက်ကြမည့် ပြည်သူများအတွက် ဌာနဆိုင်ရာများကလုပ်ငန်းများဆောင်ရွက်ပေးနေမှု၊တပ်မတော်နှင့်လူမှုရေးအသင်းအဖွဲ့များ၏ပါဝင်ကူညီ ဆောင်ရွက်

ပေးနေမှုများကိုကြည့် ရှုလေ့လာပြီးပြန်လည်ဝင်ရောက်လာကြသောပြည်သူများအနေဖြင့်၎င်းတို့၏နေရပ်သို့ စနစ်တကျ ပြန်လည်ရောက်ရှိနေကြောင်းသိရှိရပြီးလက်ရှိကြိုဆိုလက်ခံရေးစခန်းမှစနစ်တကျဆောင်ရွက်ပေးနေမှုများ

ကိုေကျးဇူးတင်ရှိပါကြောင်း၊လိုအပ်ချက်များနှင့်အကြံပြုချက်များကိုလည်းဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ 

ထပ်မံပြန်လည်ဝင်ရောက်လာကြမည့်ပြည်သူများအတွက်လည်းကြိုဆိုလက်ခံပေးရန်အသင့်ရှိနေကြောင်းသတင်းစကားကို

ဤနေရာမှတဆင့်ပန်ကြားပါကြောင်းပြောကြားခဲ့ပါသည်။               ထို့နောက်ထိုင်းနိုင်ငံသို့တရားဝင်အလုပ်လုပ်ကိုင်ရန်သွားရောက်ကြမည့် မြန်မာနိုင်ငံသား များအတွက် ဆောင်ရွက်ပေးနေမှု လုပ်ငန်းအဆင့်ဆင့်ကိုလည်း ကြည့်ရှုလေ့လာပြီးအလုပ်သွား ရောက်လုပ်ကိုင်မည့်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍နှစ်ဖက်နိုင်ငံကသတ်မှတ်ထားသောစည်းကမ်းချက်များအတိုင်းလိုက်နာဆောင်ရွက်ကြရန်လည်း

မှာကြားခဲ့ပါသည်။        ထို့နောက်မြဝတီခရိုင်သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံး

ပြုရန်အတွက် အရေးပေါ်လိုအပ်လျက်ရှိသော ဖိုက်ဘာစက်တပ်လှေ ဝယ်ယူ ရန်ကျပ်သိန်း(၅၀)နှင့် ချိန်းဆောလွှ(၄) လက်တို့ကိုလည်းထောက်ပံ့ပေးအပ်ခဲ့ပါသည်။               ယနေ့နံနက်ပိုင်းကလည်းပြည်ထောင်စုဝန်ကြီးသည်ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ မြိုင်ကြီးငူ

ဆရာတော်၏ သက်တော်(၆၉)နှစ်မြောက်ဝိဇာတမွေးနေ့မင်္ဂလာပွဲသို့တက်ရောက်ပြီး မြိုင်ကြီး ငူအထူးဒေသရှိ တိုက်ပွဲရှောင်ပြည်သူများ

အတွက် စာနပ်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)ကို ဆက်ကပ်လှူဒါန်းပြီး၊ တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံကာ လက်တလောလိုအပ်ချက်များကို ဆွေးနွေးဖြည့်ဆည်း ဆောင်ရွက်ပေးရန်နှင့် ရေရှည်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ

ကိုဆောင်ရွက်နိုင်ရန်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက် ပေးနိုင်မည့်အစီအစဉ်များကို စခန်းတာဝန်ခံများ၊ စခန်းရှိပြည်သူများနှင့် ရင်းနှီးစွာဆွေးနွေးခဲ့ပါသည်။ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကစခန်းတွင်ယာယီနေထိုင်ကြစဉ် ကာလ

အတွင်းအသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုကိုယ်စီသင်ယူတတ်မြောက်အောင်လေ့ကျင့်ပေးမည်ဖြစ်ပါ ကြောင်း၊ မိမိတို့တတ်ကျွမ်း ပြီးဖြစ်သည့် ရိုးရာယက်ကန်းလုပ်ငန်းဖြင့်လည်း ဝင်ငွေပိုမိုရရှိစေရေး အတွက် အရင်းအနှီးငွေကြေးလိုအပ်မှုကိုထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ပြည်သူများအနေဖြင့်မိမိတို့၏ မူလနေရာဒေသတွင်ြပန်လည်ေနထိုင်ကြရသည့်အခါတွင်လည်းမိသားစုအတွက်ကိုယ်တိုင်ဝင်ငွေရရှိစေမည့်လုပ်ငန်းများကို

တတ်မြောက်ပြီး စားဝတ်နေရေးအတွက်လုံခြုံစိတ်ချရသော အခြေအနေ ကောင်းများကို ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် အားပေးစကားပြောကြားကာ လတ်တလောစားသုံးရန် ဆန်ရိက္ခာအတွက် ငွေ(၁၃၂၀၉၂၀၀/-)ကျပ်နှင့် တိုက်ပွဲရှောင်ပြည်သူများရိုးရာယက်ကန်းလုပ်ငန်းဆောင်ရွက်ရန်မတည်ငွေ(၅)သိန်းကျပ်တို့ကိုထောက်ပံ့  ပေးအပ်ခဲ့

ပါကြောင်းသတင်းရရှိပါသည်။

FacebookTwitter