ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဖွင့်လှစ်

ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံး၊ ၁၀.၇.၂၀၁၇

လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်ဖွင့်လှစ်သည့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဖွင့်ပွဲကို (၁၀.၇.၂၀၁၇)ရက်နေ့တွင် တာချီလိတ်မြို့၊ မိုင်းကိုးအုပ်စု၊ ရန်ကုန်ရွာတွင် ကျင်းပရာ တာချီလိတ်ခရိုင် မူးယစ်တပ်ဖွဲ့စု(၃၀)မှ တပ်ဖွဲ့မှူး ရဲမှူးစိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မျးာကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု မူးယစ်ဆေးစွဲသူ သင်တန်းသား (၅၀)ဦးဖြင့် (၅)ပတ်ကြာ စိတ်ပိုင်းရုပ်ပိုင်း ပြန်လည်ထူထောင်ပေးခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter