လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လုပ်ငန်းစီမံကိန်းများနှင့် ဖွဲ့စည်းပုံဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ပြုလုပ်

နေပြည်တော်၊ ဇူလိုင် ၁၆

ဝန်ကြီးဌာန၏မူဝါဒဖြစ်သောလူတိုင်းအခြေခံလူ့အခွင့်အရေးများကိုဒီမိုကရေစီစံနှုန်းများနှင့်အညီရရှိခံစားနိုင်စေရေး၊

လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များဖြင့် ဆောင်ရွက်လျက်ရှိရာတွင် အားလုံးလွှမ်းခြုံမှုရှိအောင် လုပ်ငန်းများ၊ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်ရုံး များတို့ချဲ့ဆောင်ရွက်နိုင်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် ဖွဲ့စည်းပုံဆိုင်ရာ တိုးချဲ့ရန်နေရာများ၊ အဆိုပြု၊ လျာထား၊ ဦးစားပေးရွေးချယ်သတ်မှတ်ချက်များနှင့် လုပ်ငန်းစီမံကိန်းများဆိုင်ရာ လုပ်ငန်းအစီ အစဉ်များ၊ ဘတ်ဂျက်လျာထားမှုများ

ရှင်းလင်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပခဲ့ပါသည်။ ညှိနှိုင်းဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှဦးဆောင်ပြီး လူမှုဝန်ထမ်း ဦးစီးဌာန(ရုံးချုပ်)နှင့်တိုင်းဒေသကြီး/ ပြည်နယ်များကညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ခေတ္တညွှန်ကြားရေးမှူးချုပ်မှ လူမှုဝန်ထမ်းဦးစီးဌာနဖွဲ့စည်းပုံတိုးချဲ့ရေးနှင့်ပတ်သက်၍ နှစ်အလိုက် လျာထားချက်များအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် အမှန်တကယ်ဆောင်ရွက်ရန် အဆင့်သင့်ဖြစ်မှုအခြေအနေများ၊ လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်း သွားကြပါသည်။ လုပ်ငန်းများတိုးချဲ့ ဆောင်ရွက်ရာတွင်သက်ဆိုင်ရာဒေသအလိုက်ဒေသခံများကို ဦးစားပေးရွေးချယ်ခန့်ထားခြင်းဖြင့် နိုင်ငံ၏ လူမှုဖွံ့ဖြိုးရေးကဏ္ဍများတွင် အစိုးရမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသလို ၎င်းတို့၏ ဒေသရပ်ရွာကို ၎င်းတို့ကိုယ်တိုင်မှ လုပ်ဆောင်နိုင်ခွင့်ပေးဖို့လိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်း ညွှန်ကြားရေးမှူးများ၏ တင်ပြချက်များနှင့်ပတ်သက်ပြီး စီမံခန့်ခွဲမှုကိစ္စများနှင့်လုပ်ငန်း၊ ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာတွင် လတ်တလောပြေလည်စေရေး ဆောင်ရွက်ခြင်းမျိုးအပြင် ရေရှည်

အတွက်ပါ အမျှော်အမြင်ကြီးစွာ ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter