ရပ်ရွာအခြေပြု စက်ချုပ်သင်တန်း ဆင်းပွဲကျင်းပခြင်း

ပဲခူး၊ဇူလိုင် ၂၁

              ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကြခတ်တောရဓမ္မရိပ်သာကျောင်း၌ ရပ်ရွာအခြေပြုစက်ချုပ်သင်တန်း (၂/၂၀၁၇)သင်တန်းဆင်းပွဲကို သင်တန်းသူ(၃၀)ဦးဖြင့် (၂၀.၇.၂၀၁၇)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီချိန်တွင် ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးသုတနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲ တွင် ကြခတ်တောရ ဆရာတော်နှင့်ညွှန်ကြားရေးမှူး ဦးသုတ တို့မှအမှာစကား ပြောကြားခဲ့ပါသည်။

သင်တန်းတွင် ထူးချွန်သူများအား ဆုများချီးမြှင့်ပေးခဲ့ပါသည်။ရပ်ရွာအခြေပြု စက်ချုပ်သင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် အမျိုးသမီးများ ဝင်ငွေရလုပ်ငန်း/ အလုပ် အကိုင် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ပါသည်။

 

FacebookTwitter