မကွေးတိုင်းဒေသကြီးအတွင်းရှိ မူလတန်းကြိုကျောင်းများအား H1N1ကျန်းမာရေးအသိပညာပေး ဆောင်ရွက်ခြင်း

မကွေးတိုင်းဒေသကြီး ၊ဇူလိုင်၃၁

            မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးမူလတန်းကြိုကျောင်းနှင့် မကွေးကလေးပြုစုရေးဌာနမှ ဆရာ/ဆရာမများ ၊ရင်သွေးငယ်များ၊ကျောင်းသားမိဘများအားရာသီတုပ်ကွေး(H1N1)ကြိုတင်ကာကွယ်ရေးကျန်းမာရေးအသိပညာပေး

ဟောပြောပွဲကိုတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍သက်ဆိုင်ရာကျောင်းများတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါဟောပြောပွဲ

တွင်မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးဌာနမှူးမှဟောပြောပွဲကျင်းပရ ခြင်း အကြောင်းအရင်းကို ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူးမှ ရာသီတုပ်ကွေး (H1N1)  ရောဂါအကြောင်း နှင့် ကြိုတင်ကာကွယ်မှုနည်းလမ်းများကိုဟောပြောပြီး တက်ရောက်လာကြသူများအား  လက်ဆေးဆပ်ပြာများ၊  တစ်ခါသုံး နှာခေါင်းစည်း(Mask)များ ဝေငှပါသည်။

FacebookTwitter