ရာသီတုပ်ကွေးရောဂါ(H1N1)အသိပညာပေးဟောပြောပွဲကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊သြဂုတ်၂

SeasonalInfluenza(H1N1) ရာသီတုပ်ကွေးရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို

(၁.၈.၂၀၁၇)ရက်နေ့၊နေ့လည်(၂)နာရီတွင်ဖျာပုံမြို့မူလတန်းကြိုကျောင်းခန်းမ၌ကျောင်းသားမိဘများနှင့်ဆရာ/ဆရာမ များအားအသိပညာပေးဆွေးနွေးခဲ့ကြပါသည်။အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင်ဖျာပုံခရိုင်လူမှုဝန်ထမ်းးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးမှအဖွင့်အမှာစကားပြောကြားခြင်းဖျာပုံမြို့ပြည်သူ့ဆေးရုံးကြီးမှကျောင်းကျန်းမာရေးအဖွဲ့

ခေါင်းဆောင်ဒေါက်တာသန့်စင်နိုင်/သွားကျန်းမာရေးဦးစီးအရာရှိဒေါက်တာမောင်မောင်စန်းနှင့်အဖွဲ့ကH1N1 ဖြစ်ပွားပုံနှင့် မကူးစက်အောင်နေထိုင်ရမည့် နည်းလမ်းများ /ဂရုပြုလိုက်နာရမည့် အချက်များအားဆွေးနွေး ပြောကြားခဲ့ပါသည်။

အသိပညာပေးဆွေးနွေးပွဲတွင် ဖျာပုံခရိုင် လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ ကျောင်းသားမိဘများ ဆရာ/ဆရာမများစုစုပေါင်း(၇၅)ဦးတက်ရောက်ခဲ့ကြပြီးတက်ရောက်လာသူများမှသိရှိလိုသည်များကိုမေးမြန်း၍တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပေးခဲ့ပါသည်

FacebookTwitter