ရာသီတုပ်ကွေး Seasonal Infiuenza A(H1N1)ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း

 ပဲခူးတိုင်းဒေသကြီး ၊သြဂုတ် ၃

လူမှုဝန်ထမ်းဦးစီးဌာန၊ပဲခူးမူလတန်းကြိုကျောင်းအမှတ်(၂)တွင်ရာသီတုပ်ကွေး Seasonal Infiuenza A(H1N1) ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ နှင့် နှာခေါင်းစည်းများဖြန့်ဝေခြင်းအခမ်းအနားကို (၂.၈.၂၀၁၇) ရက်နေ့၊နံနက်(၁၀း၀၀) နာရီတွင်ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသား/ကျောင်းသူများ ၊မိဘများနှင့်ဆရာမများ တက်ရောက်ခဲ့ကြပြီး ပဲခူးမြို့နယ်ကျောင်းကျန်းမာရေးဌာန မှ ရာသီတုပ်ကွေး(H1N1) ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သူနာပြုဆရာမ များမှ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် လက်ဆေးခြင်းကို ကလေးများအား လက်တွေ့သရုပ်ပြခြင်း ၊လူမှုဝန်ထမ်းဦးစီးဌာန မှ ထောက်ပံ့ပေးသည့် နှာခေါင်းစည်းများအား ကလေးများသို့ ဖြန့်ဝေပေးခြင်း တို့ဆောင်ရွက်ခဲ့ပါသည်။

FacebookTwitter