ရာသီတုပ်ကွေး Seasonal InfiuenzaA(H1N1)ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊သြဂုတ် ၃

ရာသီတုပ်ကွေးရောဂါSeasonalInfluenzaA(H1N1)ဆိုင်ရာ ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောကို (၂.၈.၂၀၁၇)ရက်နေ့၊နံနက်(၁၀း၀၀)နာရီတွင်Iဒေးဒရဲမူလတန်းကြိုကျောင်းစုေဝေးခန်းမ၌ကျောင်းသားမိဘများlဆရာမများအားလည်းကောင်း နံနက်(၁၁းဝဝ)နာရီတွင်မြတ်စေတနာဘိုးဘွားရိပ်သာ၌ဘိုးဘွားများနှင့်ပြုစုစောင့်ရှောက်သူများအားလည်း ကောင်း အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲကို ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားပြောကြား ပြီး ဒေးဒရဲမြို့l ပြည့်သူ့ကျန်းမာရေးဌာနမှ လက်ထောက် ဆရာဝန်ဒေါ်သိင်္ဂီမျိုးမှ H1N1 ဖြစ်ပွားပုံနှင့် မကူးစက်အောင် နေထိုင်ရမည့်နည်းလမ်းlဂရုပြုလိုက်နာရမည့်အချက်များဆွေးနွေးပြောကြားခဲ့ပါသည်။အသိပညာပေးဆွေးနွေးပွဲတွင် ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှတာဝန်ရှိသူများ/ကျောင်းသားမိဘများ/ဆရာ/ဆရာမများ/ ဘိုးဘွားများစုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပေးခဲ့ကြပါသည်။

FacebookTwitter